စပိန်၊ ဇွန် ၁၃။ ။ ဘာစီလိုနာခံစစ်မှူးဟောင်း ပူယိုးလ်ဟာ အင်္ဂလိပ်စာသင်ကြားနေပုံကို သူ့ရဲ့ တရားဝင်လူမှုကွန်ယက်အကောင့်မှာ တင်ခဲ့ပြီးတဲ့နောက် ဘောလုံးလောကကို ကစားသမားအဖြစ် ပြန်လည်ဝင်ရောက်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒီပုံလေးကို မြင်လိုက်တာနဲ့ မီဒီယာတွေကတော့ ပူယိုးလ်တစ်ယောက် အမေရိကမှာ ဘောလုံးပြန်ကစားဖို့ ပြင်ဆင်နေပြီဆိုပြီး ထင်ကြေးပေးရေးသားနေကြပါတယ်။
ပူးယိုးလ်ဟာ ဘာစီလိုနာအသင်းမှာ ၁၅ နှစ်ကြာ ကစားပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ် နွေရာသီက ဘောလုံးလောက ကနေ အနားယူခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ဘာစီလိုနာအသင်းရဲ့ လက်ထောက်အားကစားဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သေးပေမယ့် ဇန်နဝါရီလမှာပဲ ရာထူးက နုတ်ထွက်ခဲ့ပါတယ်။
၂၀၁၄-၁၅ ရာသီ မဆုံးမီက ပူယိုးလ်ဟာ လေ့ကျင့်ခန်းတွေ ပြန်လည် ပြုလုပ်နေပြီလို့ သတင်းထွက်ခဲ့ပါသေးတယ်။ ဒီသတင်းနဲ့ အခုထွက်ပေါ်လာတဲ့ သတင်းတို့က ပေါင်းစပ်ကြည့်ပြီး လမ်းပတ်နဲ့ ပူယိုးလ်တို့ နယူးယော့ခ်စီးတီးမှာ အသင်းဖော်တွေ ဖြစ်လာနိုင်တယ်လို့ ရေးသားနေကြတာ ဖြစ်ပါတယ်။
ပူယိုးလ်က သူ့ရဲ့အကောင့်မှာ 'ကောင်းသော နံနက်ခင်းပါ။ ကျွန်တော့်ရဲ့ အင်္ဂလိပ်စာက နေ့စဉ် တိုးတက်လာနေပါတယ်။ ခရစ္စတီနာ၊ မက်သရူးနဲ့ ပါကို တို့ကို ကျေးဇူးတင်ပါတယ်' ဟု ပုံတင်ပြီး ရေးသားထားသည်။
ရည်ညွှန်း ဒေးလီးမေးလ်