ဩဂုတ် ၂၉
မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်ဒေသခံများက “ ၅ မျဉ်းစောင်းဟေ့ ရဲရဲနီ အာဏာရှင်စနစ် အမြစ်ဖြတ်မည်” ကြွေးကြော်သံဖြင့် ယမန်နေ့ သြဂုတ်လ ၂၈ ရက်တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
“ စစ်ကိုင်းတိုင်းအတွင်းက မီးလောင်ပြင်နဲ့ စစ်တလင်းတွေချည်းပါပဲ၊ တော်လှန်သွေးဟာ နီးစွေးပြီး တစ်နိုင်ငံလုံး စစ်ကျွန်စနစ်က လွတ်မြောက်အောင် ကြိုးစားအားထုတ်နေကြတာမို့ စစ်ကိုင်းတိုင်းကို ကူပါ၊ လှူပါ။ ရှေ့တန်းမှာ ရဲရဲဝံ့ဝံ့နဲ့ မြေပေါ်လှုပ်ရှားမှု သပိတ်တိုက်ပွဲတွေရယ်၊ မြေအောက်လှုပ်ရှားမှုဖြစ်တဲ့ လက်နက်ကိုင် တော်လှန်သူရဲဘော်တွေရယ်၊ ဟန်ချက်ညီစွာဖြင့် ယနေ့ထိ တိုက်ပွဲဝင်နေကြဆဲဖြစ်ပါတယ်။ ပြည်သူမှာ ပြည်သူပဲရှိတာမို့ ပြည်သူအချင်းချင်းက ထိန်းကျောင်းပြီး အောင်ပွဲရသည်အထိ နွေဦးတော်လှန်ရေး ခရီကြမ်းကို ဆက်လျှောက်ကြပါစို့” ဟု လက်ပံတောင်းတောင်သပိတ်ဦးဆောင်သူ က ပြောသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကိုင်းတိုင်း
#နွေဦးတော်လှန်ရေး
#၅မျဉ်းစောင်း
#လက်ပံတောင်းတောင်
Photo- Black ko