ဩဂုတ် ၂၃
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၅၃၀ ရက် မြောက် အဖြစ် ယနေ့ ဩဂုတ်၂၃ရက်နေ့တွင် ဆက်လက် ချီတက် ဆန္ဒပြကြသည်။
လူထုသပိတ်စစ်ကြောင်းသည် “အမှန်တရားနဲ့ တရားမျှတမှုအတွက် လူငယ်တွေက တိုက်ပွဲဝင်ဆဲ”စာတမ်းကိုကိုင်စွဲ၍ စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြသည်။
ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
စာတည်း။ ။မောင်ကောင်း