ဩဂုတ်လ ၁၃ ရက်
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းရှိ တော်လှန်ရေးပန်းခြံရှေ့တွင် မင်းအောင်လှိုင် ပုံတူ ခေါင်းပြတ်ကို မီးရှို့ကာ သပိတ်အဖွဲ့အစည်း ၁၁ ဖွဲ့ နှင့် ပြည်သူလူထုပူးပေါင်းကာ ယနေ့ သြဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
စစ်ကောင်စီက လုံခြုံရေး တင်းကျပ်ထားသည့် တော်လှန်ရေးပန်းခြံအနီးတွင် " ပြန်ဆုံနိမိတ်နှင့် ရန်ကုန်သပိတ်" ခေါင်းစဉ်ဖြင့် မင်းအောင်လှိုင်ပုံတူ ခေါင်းပြတ်ကို မီးရှို့ကာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ထို့အပြင် "သို့၊ စစ်အာဏာရှင်မင်းအောင်လှိုင် နှင့် အပေါင်းအပါတစ်စုတို့သည် ဒီနိုင်ငံတော်နှင့်လုံးဝမသက်ဆိုင်ပါသဖြင့် သက်ဆိုင်ရာငရဲပြည်သို့အမြန်ဆုံးသွားနိုင်သည်။ကောင်းရာသုဂတိ -ီးမှ မလားပါစေနဲ့ " ဟူသည့် အမိန့်ပြန်တမ်းကိုလည်း ဖတ်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သပိတ်ကို ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ ဦးဆောင်ကာ ပြည်သူလူထုနှင့်အတူ Youth Association Of Thingangyun (Y.A.T)၊ ပညာနန်းတော်ကိုယ်ပိုင်ကျောင်း ကျောင်းသားများသမဂ္ဂ၊ Owl Community၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(Sc Strike)၊ Labour Alliance အဖွဲ့ဝင် (CTUM)၊ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)၊ LGBT Community Yangon ၊ ဗမာ့လူငယ်ကွန်ရက် ၊ တော်လှန်သွေးမကုန် တောင်ဒဂုံသပိတ်အင်အားစုတို့ ပေါင်းဆုံ၍ Youth Scout for Democracy (Y.S.D) ၏ မြေပြင်ကင်းထောက်ပံ့ပိုးမှုဖြင့် လူထုသပိတ်တိုက်ပွဲကိုဆင်နွှဲခဲ့ကြခြင်း ဖြစ်သည်။
Video - AAMIJ
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး