အမေရိကန် နိုင်ငံရဲ့ တတိယအဆင့်ရှိတဲ့ နိုင်ငံရေးသမား အမေရိကန် အောက်လွတ်တော်အမတ် နန်စီပလိုစီဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်နေ့မှာ ထိုင်ဝမ်ကို သွားရောက်ခဲ့တာပါ။
ထိုင်ဝမ်ဟာ တရုတ်ပြည်မကြီးရဲ့ ခွဲထွက်မရတဲ့ ကျွန်းနိုင်ငံ ဖြစ်တဲ့အတွက် ထိုင်ဝမ်ကို အသိအမှတ်ပြုမှုအဖြစ် သက်ရောက်စေမည့် ခရီးစဉ်ကို မလာရောက်ဖို့ တရုတ်က အကြိမ်ကြိမ် သတိပေးတဲ့ကြားက နန်စီပလိုစီဟာ ထိုင်ဝမ်ခရီးစဉ်ကို အကောင်အထည်ဖော် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
ဒီခရီးစဉ်အပေါ် အမေရိကန်ဟာ ဒေသတွင်းကို မတည်မငြိမ်ဖြစ်အောင် ဖန်တီးနေသူအဖြစ် တရုတ်ဘက်က စွပ်စွဲပြောဆိုထားပါတယ်။
နန်စီပလိုစီဟာ ထိုင်ဝမ်ကျွန်းကို ဘာကြောင့် သွားရောက်ခဲ့တာပါလဲ။
အမေရိကန်နဲ့ တရုတ် ဆက်ဆံရေးက ဘယ်လိုရှိပါသလဲ။
စတာတွေကို အခုတစ်ပတ် Mizzima Edirtorial Talk အစီအစဉ်မှာ သတင်းခန်း စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့ နောင်နောင်တို့က ဆွေးနွေးတင်ဆက်ထားပါတယ်။