ဧပြီလ ၃၀ ရက်
ဧပြီ ၃၀ ရက် ယနေ့ညနေပိုင်းက ရန်ကုန်မြို့ လှည်းတန်းလမ်းမတွင် ရန်ကုန်လူထုသပိတ်မှ ပြည်သူများ နှင့်အတူ “ လုပ်သားပြည်သူ သူပုန်ထ ဖက်ဆစ်ဝါဒ ချေမှုန်းကြ” ၊ “ There Is No Blood In Oil & Gas Stop The Flow Of BloodMoney ” နှင့် "Fuck The Capitalists (အရင်းရှင်စနစ် ချေမှုန်းကြ)” ဟူသော စာသားကိုင်ဆောင်ကာ ဆေးနီများပက်ဖြန်းခြင်းဖြင့် မေဒေးအကြို ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
အဆိုပါ သပိတ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် စွမ်းစွမ်းတမံပါဝင်နေသော အလုပ်သမား ပြည်သူများအား ခေါင်းပုံဖြတ်၊ ဖိနှိပ်နေသော အာဏာရှင်နှင့် အရင်းရှင်များအား အမြစ်ပြတ်ချေမှုန်းရန် နှင့် ပြည်သူများ စစ်အာဏာရှင်အား အခွန်မဆောင်ရန် လှုံ့ဆော်ခဲ့သော သပိတ်စစ်ကြောင်း ဖြစ်သည်။