ဖေဖော်ဝါရီ ၂၈
ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့ရှိ တောင်ဒဂုံကျောင်း၌ နှစ်ရက် ဆက်တိုက် COVID-19 စစ်ဆေးရာ ဆရာမ နှစ်ဦးနှင့် ကျောင်းသား ၆၀ ကျော်တွင် ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ပရဟိတ အဖွဲ့စည်းများထံမှ သိရသည်။
တောင်ဒဂုံ စာသင်ကျောင်းတွင် ဖေဖော်ဝါရီလ ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင် ဆရာ၊ ဆရာများ အပါအဝင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၁၅ ဦးကို COVID-19 ရောဂါပိုး ရှိ မရှိ စစ်ဆေးရာ ဆရာမ နှစ်ဦးနှင့် ကျောင်းသား ကျောင်းသူ ၆၁ ဦးတွင် ရောဂါပိုး တွေ့ရှိခဲ့သည်ဟု ပရဟိတအဖွဲ့ တာဝန်ရှိသူက ပြောသည်။
"တစ်ကျောင်းလုံးကို ကိုဗစ် ရှိ မရှိ စစ်ဆေးတဲ့ အခါမှာ ၆၃ ဦးမှာ ရောဂါပိုး တွေ့ရှိခဲ့တာ ဖြစ်တယ်" ဟု ဘုတ်ပြင်းမြို့နယ် အခြေစိုက် ပရဟိတအဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။
တနင်္သာရီတိုင်း အတွင်း COVID-19 ကြောင့် သေဆုံးသူ ကိုးဦး ရှိနေပြီ ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။