နောင်ချို-ပြင်ဦးလွင်တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ

15 August 2019
နောင်ချို-ပြင်ဦးလွင်တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ
တိုက်ခိုက်ခံရမှုအပေါ် တပ်မတော်မှဆက်လုပ်မည့်ကိစ္စများ တင်ပြထားပြီးဟု ဆို

ပြင်ဦးလွင်နောင်ချို တိုက်ခိုက်ခံရမှုအတွက် တပ်မတော်မှ ဆက်လက်လုပ်ဆောင်မည့်ကိစ္စများကို နိုင်ငံတော်သမ္မတရုံးထံသို့ တင်ပြထားပြီးဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောသည်။

ရိုက်ကူး-အောင်မြတ်သူ

ရှမ်းမြောက်ကွတ်ခိုင်နှင့်သိန္နီ ကြားတွင် ပစ်ခတ်မှုများဖြစ်နေ ၊ တံတားအချို့ထပ်မံဖျက်ဆီးခံထားရ

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် နှင့်  သိန္နီ အကြား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ပစ်ခတ်မှုအချို့ ဖြစ်ပွားနေပြီး တံတားအချို့ ထပ်မံဖျက်ဆီးခံထားရသည်ဟု ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဝင်းက မဇ္စျိမသို့ သြဂုတ်လ ၁၇ ရက်နေ့ နံနက် ကိုးနာရီခွဲခန့်တွင် အတည်ပြုပြောဆိုထားသည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59725

ပြင်ဦးလွင် နောင်ချိုတိုက်ခိုက်ခံရမှု ကျပ်သိန်းသုံးထောင်နီးပါး ဆုံးရှုံး၊ လူ ၁၅ ယောက်သေဆုံး

 ပြင်ဦးလွင်နှင့် နောင်ချို မြို့တွင်းသို့ ဝင်ရောက်တိုက်ခိုက်ခံမှုများနှင့်ပတ်သက်ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းသုံးထောင် နီးပါးအထိ ရှိခဲ့ပြီး တပ်မတော်သားအရာရှိစစ်သည်များအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၅ ယောက်အထိ သေဆုံးခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုလိုက်သည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59719

ဂုတ်တွင်း သံဘောင်ဘေလီတံတား ၅ ရက်အတွင်း တည်ဆောက်မည်

မန္တလေး - နောင်ချို - လားရှိုးလမ်းရှိ မိုင်းခွဲခံထားရသော (ဂုတ်တွင်းတံတား)တွင် အရှည် (၂၁၀ ပေ) နှစ်လမ်းသွား သံဘောင်ဘေလီတံတားကို တံတားအထူးအဖွဲ့များက ၅ ရက်အတွင်း အမြန်ဆုံး တည်ဆောက်သွားမည် ဖြစ်ကြောင်း ဆောင်လုပ်ရေးဝန်ကြီးဌာနမှ ကြေညာထားသည်။

ဘေလီသံဘောင်များအားလုပ်ငန်းခွင်သို ့သယ်ယူနေပြီ ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့်ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ သြဂုတ် ၁၆ ရက်နံနက်ပိုင်းက လာရောက်စစ်ဆေးခဲ့သည်။

နေရာ ငါးနေရာ တိုက်ခိုက်ခံရမှု စုစုပေါင်း ၁၅ ဦး သေဆုံး

(အထိတ်တလန့်ဖြစ်စရာမြင်ကွင်းများ ပါရှိသည့် ရုပ်သံဖိုင် ဖြစ်ပါသည်။)

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ ဂုတ်တွင်းတံတားနှင့် ရဲကင်းစခန်းအပါအဝင် စုစုပေါင်းနေရာ ငါးနေရာကို ဩဂုတ် ၁၅ ရက် နံနက်ပိုင်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်မတော်သား ကိုးဦး၊ ရဲတပ်ဖွဲ့ဝင် သုံးဦးနှင့် အရပ်သားသုံးဦး စုစုပေါင်း ၁၅ ဦး သေဆုံးခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မဇ္ဈိမကို အတည်ပြုပြောသည်။ 

ရိုက်ကူး- ကိုကိုအောင်