LIVE: ဝက်စ်ဟမ်း ၂-၃ စပါး (Full-time)

23 November 2019
LIVE: ဝက်စ်ဟမ်း ၂-၃ စပါး (Full-time)
Premier League November 23, 19:00

West Ham
2-3 (FT)
Michail Antonio 73' Angelo Ogonna 90+6' Son Heung-min 36' Lucas Moura 43' Harry Kane 49'
London Stadium
Kick Off - 46 Min

ဝက်စ်ဟမ်းနဲ့ စပါးတို့ရဲ့ ပွဲချိန် ဒုတိယပိုင်းကကို ပြန်လည်စတင်လိုက်ပြီဖြစ်ပါတယ်။

West Ham 0 - 2 Spurs (HT)

ဝက်စ်ဟမ်းနဲ့စပါးတို့ရဲ့ ပထမပိုင်း (၄၅)မိနစ်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ စပါးအသင်းက ဦးဆောင်ဂိုး (၂)ဂိုးရနေခဲ့ပေမယ့်လည်း ဖိအားပေးမှုတွေ ဆက်တိုက်ပြုလုပ်နေဆဲဖြစ်လို့ ဒုတိယပိုင်းမှာ သွင်းဂိုးတွေ ထပ်မြင်ရဦးမလားဆိုတာ စောင့်မျှော်ကြည့်ရှုရဦးမှာပါ။

Injury Times (+2)

ပွဲကစားချိန် (၄၅)မိနစ် ပြည့်သွားပြီဖြစ်လို့ နာကျင်အချိန်ပို (၂)မိနစ် သတ်မှတ်ပေးထားပါတယ်။

45 Min

နည်းပြ မော်ရင်ဟို အတွက်တော့ အဖွင့်ကောင်းတဲ့ ပွဲစဉ်တစ်ပွဲလို့ ပြောရမယ် ခင်ဗျာ။ ဆွန်ဟောင်မင်ရဲ့ ခြေစွမ်းပြမှုကနေ စပါးအသင်းက သွင်းဂိုး (၂)ဂိုးနဲ့ ဦးဆောင်နေခဲ့ပြီး ဝက်စ်ဟမ်းတိုက်စစ်ကလည်း ထင်သလောက် အသက်မရှိလို့ စပါးအသင်း အနိုင်ရသွားဖို့ များနေပုံပါ ။ ဒါပေမယ့် ပွဲချိန် ပထမပိုင်းပဲ ရှိသေးလို့ ပြောဖို့တော့ ခက်နေသေးပါတယ်။

Goal!!!

ဆွန်ဟောင်မင်ရဲ့ ပေးပို့မှုက တစ်ဆင့် မိုရာက ပိတ်သွင်းသွားခဲ့ပြီး စပါးအသင်း ဒုတိယ ဦးဆောင်ဂိုး ရသွားခဲ့ပြန်ပြီခင်ဗျာ။