LIVE: ဝက်စ်ဟမ်း ၂-၃ စပါး (Full-time)

23 November 2019
LIVE: ဝက်စ်ဟမ်း ၂-၃ စပါး (Full-time)
Premier League November 23, 19:00

West Ham
2-3 (FT)
Michail Antonio 73' Angelo Ogonna 90+6' Son Heung-min 36' Lucas Moura 43' Harry Kane 49'
London Stadium
55 Min

ဦးဆောင်ဂိုး (၃)ဂိုးအထိ ခွင့်ပြုထားခဲ့ရလို့ ဝက်စ်ဟမ်းအသင်းက တိုက်စစ်ဖွင့်ကစားလာတာကို တွေ့နေရပါတယ်။ နည်းပြ ပယ်လီဂရီနီကတော့ တောင်ပံကစားသမား ယာမိုလန်ကို ရဲ့နေရာမှာ ဖော်နယ် ကို ထည့်သွင်းလိုက်ပြန်ပြီခင်ဗျာ။ ဝက််စ်ဟမ်းအသင်းရဲ့တောင်ပံကစားသမား နှစ်ယောက်စလုံးကို ဒုတိယပိုင်းအစမှာတင် လဲပစ်လိုက်တဲ့ ပယ်လီဂရီနီရဲ့နည်းစနစ်ပိုင်းကို စောင့်ကြည့်ရမှာပါ။

53 Min

ဝက်စ်ဟမ်းနည်းပြ ပယ်လီဂရီနီကတော့ ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာပဲ တောင်ပံကစားသမား အန်ဒါဆန် နဲ့ အန်တိုနီယို တို့ကို အလဲအလှယ်လုပ်ခဲ့တာ ခင်ဗျာ။ ဒါပေမယ့် လက်ရှိအချိန်အထိတော့ ဝက်စ်ဟမ်းရဲ့ တိုက်စစ်က အလုပ်မဖြစ်သေးပဲ စပါးရဲ့ထိုးဖောက်မှုတွေကိုသာ ခံနေခဲ့ရတာပါ။

51 Min

စပါးအသင်းကတော့ ဒုတိယပိုင်းပြီဆိုတာနဲ့ တိုက်စစ်ဖွင့်ကစားနေခဲ့ပြီး ဟယ်ရီကိန်းရဲ့ သွင်းဂိုးကို ထပ်မံရရှိသွားခဲ့တာပါ။ စပါးအသင်းတိုက်စစ်မှူးတွေရဲ့ ကြိုးစားမှုက ဒီပွဲမှာ အလုပ်ဖြစ်ခဲ့ပြီး ဝက်စ်ဟမ်းရဲ့ ခံစစ်ပိုင်းကလည်း အမှားတွေ များလာခဲ့တာကို တွေ့နေရတယ်ခင်ဗျာ။

Goal!!!49 Min

စပါးအသင်းအတွက် တတိယမြောက် ဦးဆောင်ဂိုးကို တိုက်စစ်မှူး ဟယ်ရီကိန်းက သွင်းယူပေးလိုက်ပါပြီ။

48 Min

စပါးအသင်းကစားသမားတွေကတော့ နည်းပြအပြောင်းအလဲမှာ ပိုပြီး ကြိုးစားနေသလားတောင် ထင်နေရပါတယ်။ ပိုချက်တီနိုလက်ထက်မှာ ဒီကစားသမားတွေကပဲ ပွဲထွက်ခဲ့တာဖြစ်ပေမယ့် ကြိုးစားမှုအပိုင်းမှာတော့ ကွာဟနေတာကိုတွေ့ရပါတယ်။