LIVE: ဝက်ဖို့ဒ် ၂-၀ မန်ယူ (Full-time)

22 December 2019
LIVE: ဝက်ဖို့ဒ် ၂-၀ မန်ယူ (Full-time)
Premier League December 22, 20:30

Watford
2-0 (FT)
Ismaila Sarr 50' Troy Deeney 54' (P)

Stadium: Vicarage Road

65 Min

မန်ယူအသင်းကတော့ အသင်းအတွက် မကစားပေးတာ ကြာနေပြီဖြစ်တဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာ ကို ထည့်သွင်းကစားတော့မှာဖြစ်ပါတယ်။ ပေါ့ဂ်ဘာကို ကွင်းလယ်လူ လင်ဂတ်နဲ့ လဲလိုက်ပါပြီ။

ပွဲက အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ ပိုမို မြန်ဆန်လာခဲ့ပြီခင်ဗျာ။

61 Min

မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကတော့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကို စောဒက တက်နေခဲ့တယ်ခင်ဗျာ။ ဒီနေ့ပွဲကို တာဝန်ယူကိုင်တွယ်နေတဲ့ ကွင်းလယ်ဒိုင် မေဆွန်ရဲ့ ဆုံးဖြတ်ချက်တွေက ဝက်ဖို့ဒ်ဖက်ကို အသာရစေခဲ့တယ်လို့ မန်ယူကစားသမားတွေ ထင်နေကြပုံပါ။

56 Min

မန်ယူအသင်းကတော့ ပွဲချိန် (၆)မိနစ်အတွင်း နှစ်ဂိုးပေးလိုက်ရလို့ နည်းနည်း ဗျာများသွားပုံပဲ ခင်ဗျာ။ ဒီဂီယာရဲ့အမှား၊ ဘစ်ဆာကာရဲ့အမှားတွေကနေ မန်ယူအသင်း ဂိုးတွေပေးလိုက်ရပြီး  ဝက်ဖို့ဒ်အသင်းကို အနောက်ကနေ လိုက်ကစားရတော့မယ့်အနေအထား ဖြစ်သွားခဲ့ပါပြီ။

Goal!!!

ဝက်ဖို့ဒ်အသင်းရရှိခဲ့တဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘောကို ဒီနေး က ကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲလိုက်ပြန်ပါပြီ။

Penalty

ဘစ်ဆာကာ ရဲ့ ဖျက်ထုတ်မှု မသေသပ်ရာကနေ မန်ယူအသင်း ပင်နယ်တီ ပြစ်ဒဏ်ဘော ပေးလိုက်ရပြန်ပြီ ခင်ဗျာ။

Updates

4 years 6 months ago
4 years 6 months ago
4 years 6 months ago
4 years 6 months ago
4 years 6 months ago

Pages

Mizzima Weekly