LIVE: ဝက်ဖို့ဒ် ၂-၀ မန်ယူ (Full-time)

22 December 2019
LIVE: ဝက်ဖို့ဒ် ၂-၀ မန်ယူ (Full-time)
Premier League December 22, 20:30

Watford
2-0 (FT)
Ismaila Sarr 50' Troy Deeney 54' (P)

Stadium: Vicarage Road

74 Min

မန်ယူအသင်းရဲ့ ဆက်တိုက်ဖိအားပေးမှုတွေကို တွေ့နေရပေမယ့်လည်း ဂိုးအဖြစ်တော့ ပြောင်းလဲနိုင်ခြင်းမရှိသေးတာ ခင်ဗျာ။ မန်ယူနည်းပြ ဆိုးလ်ရှားက နောက်ဆုံးအပြောင်းအလဲ ပြုလုပ်လိုက်ပြီဖြစ်ပြီး တိုမီနေးရဲ့နေရာမှာ မာတာ ကို အစားထိုးလိုက်ပြီဖြစ်ပါတယ်။

72 Min

ဝက်ဖို့ဒ်အသင်းက ကွင်းလယ်လူ ဒိုကူရေး ရဲ့နေရာမှာ ချာလိုဘတ် ကို ထည့်သွင်းကစားလိုက်ပြီ ခင်ဗျာ။

71 Min

မန်ယူအသင်းရဲ့ ထိုးဖောက်မှုတွေကို ဆက်တိုက်မြင်တွေ့နေရတာဖြစ်ပါတယ်။ မာရှယ်၊ ဂရင်းဝုဒ်တို့ အခွင့်အရေးတွေ ကိုယ်စီရနေခဲ့ကြပေမယ့်လည်း ဝက်ဖို့ဒ်နောက်တန်းက အကောင်းဆုံး ကာကွယ်ထားနိုင်ဆဲပဲ ခင်ဗျာ။

69 Min

ပြီးခဲ့တဲ့ ရာသီတုန်းကတော့ ဝက်ဖို့ဒ်အသင်းရဲ့ ခြေစွမ်းမဆိုးဘူးလို့ သတ်မှတ်နိုင်ခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ ဆိုးဆိုးရွားရွားကို ခြေစွမ်းကျနေခဲ့ပြီး နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၂၁)ပွဲမှာ ပွဲ(၂၀)အထိ နိုင်ပွဲပျောက်ခဲ့တာပါ။ ဒီပွဲမှာတော့ ဝက်ဖို့ဒ်အသင်းက သူတို့ရဲ့ အကောင်းဆုံး ပုံစံနဲ့အတူ ပြန်လာခဲ့ပြီခင်ဗျာ။

67 Min

ဝက်ဖို့ဒ်ဖက်ကိုကြည့်မယ်ဆိုရင်တော့ မန်ယူအသင်းကို သူတို့ရဲ့ အိမ်ကွင်းမှာ လက်ခံကစားခဲ့တဲ့ နောက်ဆုံး (၈)ပွဲမှာ (၈)ပွဲစလုံး နှစ်သင်းပေါင်း သွင်းဂိုးများခဲ့တာခင်ဗျာ။ ဒီမှတ်တမ်းတွေကြောင့်ပဲ ဒီပွဲမှာ နှစ်သင်းစလုံးဆီက သွင်းဂိုးတွေ မြင်ရမလားလို့ အားလုံးက စိတ်ဝင်စားနေကြပါတယ်။