LIVE: စပါး ၂-၀ မန်စီးတီး (Full-time)

02 February 2020
LIVE: စပါး ၂-၀ မန်စီးတီး (Full-time)
Premier League February 2, 23:00

Tottenham
2-0 (FT)
GoalsSteven Bergwign 63' | Son Heung-min 71'
Red cardsZinchenko 60'
Stadium: Tottenham Hotspur Stadium
Tottenham 0 – 0 Man City (HT)

စပါးအသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ပထမပိုင်း (၄၅)မိနစ်ကတော့ ဂိုးမရှိ သရေနဲ့ပြီးဆုံးသွားခဲ့ပါပြီ။ မန်စီးတီးအသင်းက ဂိုးကန်သွင်းခွင့်အသာ၊ ဘောလုံးပိုင်ဆိုင်မှုအသာ ရခဲ့တဲ့အပြင် ဂန်ဒိုဂန်ရဲ့ ပင်နယ်တီ ကန်ခွင့်ကိုလည်းရခဲ့တာပါ။ ဒါပေမယ့်လည်း ပင်နယ်တီလွဲခဲ့တဲ့ ဂန်ဒိုဂန်ကြောင့် မန်စီီးတီးအသင်း ပထမပိုင်းမှာ ဦးဆောင်နိုင်မယ့်အခွင့်အရေးကို လက်လွှတ်လိုက်ရတာပါ။

စပါးအသင်းကတော့ တစ်ချိန်လုံး တန်ပြန်တိုက်စစ် ကစားနေရပြီး အယ်လီ၊ ဆွန်ဟောင်မင် တို့ရဲ့ အခွင့်အရေးကောင်းတွေကို မြင်တွေ့ခဲ့ရပါတယ်။

ကဲ…ဒုတိယပိုင်းမှာရော မန်စီးတီးကဂိုးသွင်းနိုင်ပါ့မလား..ဒါမှမဟုတ် စပါးအသင်းကပဲ တန်ပြန်တိုက်စစ်တွေကနေ အမှတ်ရသွားမလားဆိုတာ Mizzima နဲ့အတူ ဆက်လက် စောင့်ကြည့်လိုက်ရအောင်နော်..

Injury Times (+3)

ပထမပိုင်းကစားချိန် (၄၅)မိနစ် ပြည့်သွားခဲ့လို့ နာကျင်အချိန်ပို (၃)မိနစ် သတ်မှတ်ပေးထားခဲ့တယ် ခင်ဗျာ။

Yellow Card!!

ဒီနေ့ပွဲရဲ့ ကွင်းလယ်ဒိုင် မိုက်ဒိန်းကတော့ အချင်းများခဲ့ကြတဲ့ စပါးနောက်ခံလူ အယ်လ်ဒါဝီးနဲ့ မန်စီးတီးရဲ့ ဇင်ချန်ကို တို့ကို အဝါကတ် ပြလိုက်ပြီ ခင်ဗျာ။

Penalty Miss!!

မန်စီးတီးအသင်းရရှိခဲ့တဲ့ ပင်နယ်တီကို ဂန်ဒိုဂန် ကန်သွင်းခဲ့ပေမယ့် စပါးဂိုးသမား လိုရစ် ကာကွယ်နိုင်ခဲ့တာ ခင်ဗျာ။

Penalty

အဂွီရို လဲကျသွားမှုကို ကွင်းလယ်ဒိုင်က VAR နဲ့ဆုံးဖြတ်ပြီး ပင်နယ်တီပေးလိုက်ပါပြီ။