LIVE: စပါး ၂-၀ မန်စီးတီး (Full-time)

02 February 2020
LIVE: စပါး ၂-၀ မန်စီးတီး (Full-time)
Premier League February 2, 23:00

Tottenham
2-0 (FT)
GoalsSteven Bergwign 63' | Son Heung-min 71'
Red cardsZinchenko 60'
Stadium: Tottenham Hotspur Stadium
54 Min

မန်စီးတီးအသင်းတော့ ပထမပိုင်းတုန်းက  အတိုင်း ကွင်းတစ်ဝက် ဖိကစားနေတုန်း ခင်ဗျာ။ ဒါပေမယ့်လည်း ကစားသမားတွေအကြားမှာ အပေးအယူ လွဲချော်မှုလေးတွေ ရှိနေလို့ ထင်သလောက်တော့ အလုပ်မဖြစ်သေးပါဘူး။

52 Min

စတာလင် ကတော့ အော်ရဲရားကို ကျော်ဖြတ်ဖို့ တော်တော်လေး ကြိုးစားနေရပုံ ခင်ဗျာ။ အော်ရဲရားရဲ့ ကြမ်းတမ်းတဲ့ ကစားပုံကို စတာလင် တစ်ယောက် တော်တော်လေး သတိထားရမယ့်ပုံပါ။ ဂိုမက်ဇ်ကို ခြေထောက်ကျိုးအောင် ဖျက်ခဲ့တဲ့ အော်ရဲရားဟာ ကစားသမားတိုင်း သတိထားရမယ့် နောက်ခံလူ စာရင်းထဲမှာ ရှိနေပါတယ်။

50 Min

မန်စီးတီးအသင်းရဲ့ အရန်စာရင်းမှာ ဘာနာဒိုဆေးလ်ဗား ၊ ဒေးဗစ်ဆေးလ်ဗား၊ ဂျီးဆပ် တို့က အဆင်သင့်ရှိနေတယ် ခင်ဗျာ။ စပါးဖက်မှာလည်း လာမယ်လာ၊ ဆီဆက်ဂ်နွွန် ၊ အန်ဒွန်ဘီလီ၊ ဂတ်ဆွန်ဖာနန်ဒက်စ်တို့က အသင့်အနေအထားရှိနေကြပါတယ်။

48 Min

မန်စီးတီးအသင်းကတော့ ပရီးမီးယားလိဂ် နောက်ဆုံး (၅)ပွဲဆက် မရှုံးအောင် ကစားထားနိုင်ခဲ့ပါတယ်။ အဲဒီ(၅)ပွဲမှာ စုစုပေါင်းသွင်းဂိုး (၁၃)ဂိုးအထိ ရှိခဲ့လို့ တစ်ပွဲကို (၂)ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့တယ်လို့ ပြောရအောင် တိုက်စစ်က အစွမ်းပြနေခဲ့တာပါ။ ဒါပေမယ့် ဒီရာသီ အဝေးကွင်းပြိုင်ပွဲတွေမှာ မန်စီးတီးတို့ (၃)ပွဲအထိ ရှုံံးထားလို့ သူတို့ရဲ့ အဝေးကွင်းအားနည်းမှုကို အနည်းငယ် ပေါ်လွင်စေခဲ့ပါတယ်။ဒီပွဲမှာလည်း ပထမပိုင်းတုန်းက ဂိုးရဖို့ရုန်းကန်ထားခဲ့ရလို့ ဒုတိယပိုင်းမှာ ဘယ်လိုခြေစွမ်းမျိုးနဲ့ ပြန်လာမလဲဆိုတာ ဆက်ပြီး စောင့်ကြည့်ရမယ် ခင်ဗျာ

Kick Off - 46 Min

စပါးနဲ့ မန်စီးတီးတို့ရဲ့ ဒုတိယပိုင်း (၄၅)မိနစ်ကို စတင်လိုက်ပြီ ဖြစ်ပါတယ်။