LIVE: စပါး ၂-၀ မန်စီးတီး (Full-time)

02 February 2020
LIVE: စပါး ၂-၀ မန်စီးတီး (Full-time)
Premier League February 2, 23:00

Tottenham
2-0 (FT)
GoalsSteven Bergwign 63' | Son Heung-min 71'
Red cardsZinchenko 60'
Stadium: Tottenham Hotspur Stadium
Goal!!!

စပါးအသင်းအတွက် ဦးဆောင်ဂိုးကို ဘတ်ချ်ဝင်း က သွင်းယူပေးလိုက်ပြီ ခင်ဗျာ

Red Card!!

ပထမပိုင်းမှာ အဝါကတ် ထိထားခဲ့တဲ့ ဇင်ချန်ကို တစ်ယောက် နောက်ထပ် အဝါကတ် အပြခံရပြီး အထုတ်ခံလိုက်ရပြီ ခင်ဗျာ။

60 Min

မန်စီးတီးရဲ့ တိုက်စစ်ကို ကာကွယ်ဖို့အတွက် မိုရာ၊ ဘတ်ချ်ဝင် တို့ပါ ခံစစ်ဇုန်ထဲအထိ ဆင်းပြီး ဖျက်နေခဲ့ရတယ် ခင်ဗျာ။ မန်စီးတီးအသင်းက ဆက်လက်ပြီး ဖိအားပေးနေဆဲပါပဲ။

58 Min

စတာလင်ရဲ့ ဘယ်ခြမ်းက ထိုးဖောက်မှုက ဒီတစ်ကြိမ်မှာလည်း အော်ရဲရားကို မကျော်နိုင်ခဲ့ပြန်ဘူး ခင်ဗျာ။ တန်ပြန်တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့တဲ့ ဆွွွန်ဟောင်မင်ကို ဇင်ချန်ကို တားဆီးတာကြမ်းခဲ့လို့ စပါးတို့ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပါတယ်။

56 Min

မန်စီးတီးအသင်းရဲ့ ထောင့်ကန်ဘောကနေ ရိုဒရီတစ်ယောက်ခေါင်းတိုက်ဖို့ ကြိုးစားခဲ့ပေမယ့် သူ့ရဲ့အနိမ့်ဘောခေါင်းတိုက်ချက်က ဂိုးပေါက်နဲ့ တော်တော်လေး လွဲသွားခဲ့တယ် ခင်ဗျာ