LIVE: မြန်မာ ၂-၂ ကမ္ဘောဒီးယား (FT) (၅-၄) ပင်နယ်တီ

10 December 2019
LIVE: မြန်မာ ၂-၂ ကမ္ဘောဒီးယား (FT) (၅-၄) ပင်နယ်တီ
Football at the Southeast Asian Games – Men's tournament December 10, 14:30

Myanmar
2-2 (FT)
5-4 Penatly

Match for 3rd place
Aung Kaung Mann 9' Myant Kaung Khant 3' Sieng Chanthea 18sec
Stadium - Rizal Memorial Coliseum
60 Min

လက်ရှိအခြေအနေအရတော့ ကမ္ဘာဒီးယားအသင်းက ချေပဂိုးရဖို့ ဖိအားပေး ကစားနေခဲ့တာခင်ဗျာ။ ဒါပေမယ့်လည်း မြန်မာဂိုးသမား ဆန်းဆက်နိုင်ရဲ့ လက်စွမ်းကလည်း နောက်ပိုင်းပွဲစဉ်တွေမှာ အကောင်းဆုံးဖြစ်နေတာမို့ ကမ္ဘောဒီးယားတွေ သွင်းဂိုးတစ်ဂိုးအတွက် ခက်ခဲနေခဲ့တာပါ။

58 Min

ဝင်းနိုင်ထွန်းဝင်လာခဲ့လို့ မြန်မာအသင်းတိုက်စစ်က ပိုပြီး မြန်သွားမယ်လို့ ထင်ရတယ် ခင်ဗျာ။ နည်းပြ ပိုပေါ့ဗ်ရဲ့ နည်းစနစ်ပိုင်းကတော့ အထောင်တိုက်စစ်မှာ ပြေးအားကောင်းတဲ့ ကစားသမားတွေကို ထည့်ပြီး တန်ပြန်တိုက်စစ်တွေနဲ့ ကစားစေမယ့် ပုံပါ။

56 Min

မြန်မာအသင်းက တိုက်စစ်မှူး အောင်ကောင်းမာန်နဲ့ ဝင်းနိုင်ထွန်းကို လူစားလဲလိုက်ပြီ ခင်ဗျာ။

အောင်ကောင်းမာန်ကတော့ မြန်မာအသင်းအတွက် အရေးကြီးတဲ့ ချေပဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့သလို အသင်းရဲ့ တိုက်စစ်မှာလည်း ခြေစွမ်းပြပြီး ကစားနေခဲ့တာပါ။ လက်ရှိအချိန်မှာတော့ လူစားလဲ ခံလိုက်ရပြီ ခင်ဗျာ။

54 Min

အောင်ကောင်းမာန် တန်ပြန်တိုက်စစ်ကနေ တစ်ယောက်တည်း လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့်ရပေမယ့် ဂိုးပေါက်နဲ့ လွဲသွားခဲ့တယ် ခင်ဗျာ။ဒီလိုမှမဟုတ်ဘူးဆိုရင် မြန်မာအသင်း တတိယ ဦးဆောင်ဂိုး ရနေပါပြီ။

52 Min

ကမ္ဘောဒီးယားအသင်းကလည်း အသင်းခေါင်းဆောင် ချန်ပိုလင် ရဲ့နေရာမှာ ကျောနံပတ် (၂၀) ကို ထည့်သွင်းကစားလိုက်တယ် ခင်ဗျာ။

Updates

4 years 6 months ago
4 years 6 months ago
4 years 6 months ago
4 years 6 months ago
4 years 6 months ago

Pages

Mizzima Weekly