LIVE: မြန်မာ ၂-၂ ကမ္ဘောဒီးယား (FT) (၅-၄) ပင်နယ်တီ

10 December 2019
LIVE: မြန်မာ ၂-၂ ကမ္ဘောဒီးယား (FT) (၅-၄) ပင်နယ်တီ
Football at the Southeast Asian Games – Men's tournament December 10, 14:30

Myanmar
2-2 (FT)
5-4 Penatly

Match for 3rd place
Aung Kaung Mann 9' Myant Kaung Khant 3' Sieng Chanthea 18sec
Stadium - Rizal Memorial Coliseum
70 Min

တဖြည်းဖြည်းနဲ့ ပွဲကစားချိန်က မိနစ် (၇၀)နီးပါး ကို ရောက်လာခဲ့ပါပြီ။ မြန်မာနဲ့ ကမ္ဘောဒီးယားတို့ကတော့ ပထမပိုင်း သွင်းဂိုးတွေနဲ့ ဆက်လက် ကစားနေရဆဲပဲဖြစ်ပြီး ချေပဂိုးတွေရော၊ နောက်ထပ် အနိုင်ဂိုးတွေပါ ဘယ်အသင်းမှ သွင်းနိုင်တာ မတွေ့ရသေးဘူးခင်ဗျာ။

68 Min

ကမ္ဘောဒီးယားအသင်းကလည်း ချေပဂိုးရဖို့ အခွင့်အရေးတွေ ရနေတာကို တွေ့နေရတယ် ခင်ဗျာ ။ သူတို့အားသန်တဲ့ အမြင့်ဘောတွေကနေ ဂိုးရဖို့ ကြိုးစားနေခဲ့ပေမယ့်လည်း အဆုံးသတ်ပိုင်း အားနည်းနေတာကြောင့် ချေပဂိုးနဲ့တော့ ဝေးနေခဲ့ရပါတယ်။

66 Min

မြန်မာအသင်းရဲ့ ရဲမင်းသူ တစ်ယောက် လူကျွံေထောင်ချောက်ကို ဖောက်ထွက်ပြီး ရင်ဘတ်နဲ့တားကာ ကန်သွင်းခဲ့တာ ခင်ဗျာ။ သူ့အရှေ့မှာ ဂိုးသမားပဲ ရှိတယ်ဆိုပေမယ့်လည်း ကန်ချက်ကတော့ မိုးပေါ်ထောင်သွားခဲ့ပါတယ်။

64 Min

ဒီနေ့ပွဲမှာ မြန်မာအသင်းရဲ့ လွင်မိုးအောင်နဲ့ မြတ်ကောင်းခန့် တို့က အကောင်းဆုံး အတွဲမိနေကြပြီး သူတို့နှစ််ယောက်ရဲ့ အပေးအယူတွေ၊ တန်ပြန်တိုက်စစ်တွေကနေ မြန်မာအသင်း အခွင့်အရေးတွေ ရနေခဲ့တာပါ။

62 Min

မြန်မာအသင်းက လက်ရှှိအချိန်မှာ ကစားသမား နှစ်ဦး လဲပြီးသွားပြီ ခင်ဗျာ။ လှို်င်းဘိုဘိုနဲ့ အောင်ကောင်းမာန်တို့ကို လဲလှယ်ထားပြီဖြစ်လို့ နည်းပြ ပိုပေါ့ဗ်အနေနဲ့ နည်းစနစ်ပိုင်း အပြောင်းအလဲတွေ အများကြီး လုပ်လို့ရဖို့တော့ မရှိတော့ပါဘူး။

Updates

4 years 6 months ago
4 years 6 months ago
4 years 6 months ago
4 years 6 months ago
4 years 6 months ago

Pages

Mizzima Weekly