LIVE: လီဗာပူးလ် ၂-၀ ဝက်ဖို့ဒ် (Full-time)

14 December 2019
LIVE: လီဗာပူးလ် ၂-၀ ဝက်ဖို့ဒ် (Full-time)
Premier League December 14, 19:00

Liverpool
2-0 (FT)
Salah 38' 90'
Anfield
68 Min

ပွဲကစားချိန်က (၆၅)မိနစ်ကို ကျော်လာခဲ့ပြီ ခင်ဗျာ။ လီဗာပူးလ်အသင်းက ခံစစ်ကို အနည်းငယ် အာရုံစိုက် ကစားနေတာကို မြင်နေရပြီး ဆာလက်၊ မာနေးနဲ့ ဖာမီီနို တို့က တန်ပြန်တိုက်စစ်ကနေ ဂိုးရဖို့ ကြိုးစားနေတာကို မြင်နေရတာပါ။

66 Min

ဆာလက် တစ်ယောက် တန်ပြန်တိုက်စစ်ကတစ်ဆင့် ဂိုးသမားနဲ့ တစ်ယောက်ချင်း တွေ့ခဲ့တာ ခင်ဗျာ။ ဒါပေမယ့်လည်း အနည်းငယ် တုံ့ဆိုင်းနေခဲ့လို့ နောက်ခံလူတွေရဲ့ ဖျက်ထုတ်မှုကို ခံလိုက်ရပါတယ်။

65 Min

ရောဘတ်ဆန် ဝင်ရောက်လာခဲ့လို့ လီဗာပူးလ်အသင်း တိုက်စစ်ကို ပိုမို အာရုံစိုက်နိုင်ဖို့တော့ ရှိလာခဲ့ပြီ ခင်ဗျာ။ တစ်ဖက်မှာလည်း ဝက်ဖို့ဒ်အသင်းက ဂိုးရဖို့ ပိုမိုအားထည့် ကစားလာခဲ့လို့ လက်ကျန်မိနစ်တွေမှာ လီဗာပူးလ်အသင်း ခံစစ်နဲ့ တိုက်စစ်ကို မျှှမျှတတကစားနိုင်ဖို့ တကယ်ပဲ လိုအပ်နေပါပြီ။

63 Min

လီဗာပူးလ်ရဲ့ အရန်စာရင်းမှာ ကွင်းလယ်ကစားသမားတွေအဖြစ် ချိန်ဘာလိန် ၊ ကီတာ၊ လယ်လာနာ တို့ရှိနေသေးပေမယ့် ကလော့ပ်ကတော့ ရော်ဘတ်ဆန် ကိုသာ ထည့်လိုက်တယ် ခင်ဗျာ။

ကလော့ပ်ရဲ့ ရည်ရွယ်ချက်ကတော့ အားနည်းနေတဲ့ ခံစစ်ကို ကာကွယ်ဖို့ပဲဖြစ််ပြီး မီလ်နာနဲ့ ဟန်ဒါဆင် တို့က ကွင်းလယ်မှာ တွဲဖက် ကစားရတော့မှာပါ။

61 Min

လီဗာပူးလ်အသင်း ကွင်းလယ်လူ ဝစ်နယ်ဒန် တစ်ယောက် ဒဏ်ရာရသွားခဲ့တာကို တွေ့နေရတယ် ခင်ဗျာ။ ကွင်းအတွင်းကို ဆေးအဖွဲ့လာရောက်ပြီး ကုသပေးနေရတဲ့အထိ ဝစ်နယ်ဒန် နာနေခဲ့တာပါ။ နည်းပြ ကလော့ပ်ကတော့ ရောဘတ်ဆန်ကို ထည့်သွင်းကစားဖို့စီစဉ်နေပြီး မီလ်နာ ကို ကွင်းလယ်ကို ပြောင်းရွှေ့ကစားခိုင်းမယ့် အစီအစဉ်ပဲ ခင်ဗျာ။