LIVE: လီဗာပူးလ် ၂-၀ ဝက်ဖို့ဒ် (Full-time)

14 December 2019
LIVE: လီဗာပူးလ် ၂-၀ ဝက်ဖို့ဒ် (Full-time)
Premier League December 14, 19:00

Liverpool
2-0 (FT)
Salah 38' 90'
Anfield
78 Min

ဝက်ဖို့ဒ်ရဲ့ ကစားပုံကတော့ သိသိသာသာ ကျသွားခဲ့ပြီး တိုက်စစ်စွမ်းဆောင်ပုံကလည်း အနည်းငယ် နှေးသွားခဲ့တယ် ခင်ဗျာ။ ရောဘတ်ဆန် ဝင်လာပြီးနောက်မှာ ဝက်ဖို့ဒ်ရဲ့ တိုက်စစ်က ဘယ်လိုမှ အခွင့်အရေးမရတော့တာကတော့ တိုက်ဆိုင်မှုတစ်ခုလို့ ပြောဖို့ခက်ပါလိမ့်မယ်။

76 Min

ဝက်ဖို့ဒ်အသင်းက အသင်းခေါင်းဆောင် ဒီနေး ရဲ့ နေရာမှာ ဂရေး ကို ထည့်ပြီး တုုိက်စစ်ပိုင်း အပြောင်းအလဲ လုပ်ခဲ့ပြီ ခင်ဗျာ။

74 Min

ဒီရာသီ ပရီးမီးယားလိဂ် နောက်ဆုံးအိမ်ကွင်း (၈)ပွဲဆက် ဂိုးပေးထားရတဲ့ လီဗာပူးလ်ရဲ့ ခံစစ်ပိုင်းကတော့ လက်ရှိအချိန်အထိ တည်ငြိမ်နေဆဲပဲလို့ ပြောရမှာဖြစ််ပြီး ပွဲချိန် မိနစ် (၈၀)နား နီးလာတဲ့အထိ ဝက်ဖို့ဒ်အသင်းရဲ့ တိုက်စစ်ကို ကာကွယ်ထားနိုင်တုန်းပဲ ခင်ဗျာ။ အိမ်ကွင်းဆိုရင် လီဗာပူးလ်က တိုိက်စစ်ပိုကောင်းတတ်ပြီး ခံစစ်ကတော့ အမြဲလိုလို ဂိုးပေးထားရတဲ့အနေအထားကို ဒီတစ်ကြိမ် ပြောင်းလဲနိုင်ဖို့ လီဗာပူးလ်အသင်း ကြိုးစားနေပါပြီ။

72 Min

လီဗာပူးလ်အသင်းက ရှာကွီရီ ကို ချိန်ဘာလိန်နဲ့ အလဲအလှယ် လုပ်လိုက်ပြီ ခင်ဗျာ။

ပွဲချိန် တစ်လျှောက်လုံး အသက်မဲ့နေတဲ့ လီဗာပူးလ်ရဲ့ ညာခြမ်းတိုက်စစ်က လက်ရှိအချိန်မှာ အပြောင်းအလဲ ဖြစ်လာခဲ့ပါပြီ။

70 Min

လီဗာပူးလ်နည်းပြ ကလော့ပ်ကတော့ ချိန်ဘာလိန် ကို ထည့်ပြီး ကစားစေဦးမယ့် ပုံပဲ ခင်ဗျာ။ လီဗာပူးလ်အသင်းအတွက် ဒီရာသီမှာ ခြေစွမ်းပြပြီး ဂိုးတွေ သွင်းပေးနေတဲ့ ချိန်ဘာလိန်တစ်ယောက် ဝင်ကစားမယ့်ဆိုရင် လီဗာပူးလ်ရဲ့ တိုက်စစ်က ပိုမိုအသက်ဝင်လာဖို့လည်း ရှိနေပါပြီ။