LIVE: အင်တာမီလန် ၁-၁ ကက်ဂလီယာရီ (Full-time)

26 January 2020
LIVE: အင်တာမီလန် ၁-၁ ကက်ဂလီယာရီ (Full-time)
Serie A January 26, 18:00

Inter Milan
1-1 (FT)
Martinez 29' Nainggolan 78'
Stadium: San Siro
Kick Off - 46 Min

အင်တာမီလန်နဲ့ ကက်ဂလီယာရီအသင်းတို့ရဲ့ ဒုတိယပိုင်း (၄၅)မိနစ်ကို ပြန်လည်စတင်လိုက်ပြီ ဖြစ်ပါတယ်။

မာတီနက်ဇ်ရဲ့ အထူးထုတ် ဂျာစီ

အင်တာမီလန်ရဲ့ မာတီနက်ဇ်ဟာ တရုတ်နှစ်သစ်ကူးကို ဆင်နွှဲတဲ့အနေနဲ့ သူ့နာမည်ကို မန်ဒရင်းဘာသာစကားနဲ့ ရေးထိုးတဲ့ အထူးထုတ်လုပ်ထားတဲ့ ဂျာစီကို ဝတ်ဆင်ထားပါတယ်။

Inter Milan 1 – 0 Cagliari (HT)

အင်တာမီလန်အသင်းနဲ့ ကက်ဂလီယာရီအသင်းတို့ရဲ့ ပထမပိုင်း (၄၅)မိနစ်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ အင်တာမီလန်က မာတီနက်ဇ်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တယ် ဆိုပေမယ့် ပုံစံကောင်းရပြီး အခွင့်အရေးတွေ အများကြီး ရခဲ့တာလည်းမဟုတ်ပါဘူး။

ကွင်းလယ်မှာ အပျက်များနေတဲ့ ဘောလုံးကြောင့် ပြိုင်ပွဲဟာ ပထမပိုင်းမှာ ပျင်းစရာကောင်းနေခဲ့ပြီး နှစ်ဖက်အသင်းကစားသမားတွေအနေနဲ့ ဂိုးသွင်းခွင့် မယ်မယ်ရရ မရခဲ့ကြတာပါ။

ပွဲချိန် ဒုတိယပိုင်းမှာရော အင်တာမီလန်် တို့ ပိုကောင်းအောင် ကစားနိုင်မလား ၊ ဒါမှမဟုတ် ကက်ဂလီယာရီကပဲ ချေပဂိုးတွေ ပြန်သွင်းသွားမလားဆိုတာ Mizzima နဲ့အတူ ဆက်ပြီး စောင့်ကြည့်လိုက်ကြရအောင်နော်...

Injury Times (+2)

ပွဲကစားချိန် (၄၅)မိနစ် ပြည့်သွားခဲ့လို့ နာကျင်အချိန်ပို (၂)မိနစ် ထပ်မံပေးထားခဲ့ပါတယ်။

43 Min

အင်တာမီလန်တိုက်စစ်က လူကာကူ ကတော့ ဒီနေ့ပွဲမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတယ် ခင်ဗျာ။ အင်တာကွင်းလယ်ကစားသမားတွေ ဖန်တီးမှုကောင်းကောင်းမလုပ်နိုင်သေးတဲ့ အနေအထားမှာာ လူကာကူ လည်း တစ်ကိုယ်တော် ထိုးဖောက်မှုတွေနဲ့သာ ဂိုးရဖို့ ကြိုးစားနေခဲ့ရတာပါ။