LIVE: အင်တာမီလန် ၁-၁ ကက်ဂလီယာရီ (Full-time)

26 January 2020
LIVE: အင်တာမီလန် ၁-၁ ကက်ဂလီယာရီ (Full-time)
Serie A January 26, 18:00

Inter Milan
1-1 (FT)
Martinez 29' Nainggolan 78'
Stadium: San Siro
ကက်ဂလီယာရီနဲ့ပွဲမှာ မြင်တွေ့ရတဲ့ အင်တာရဲ့ ကစားသမားသစ် ဗစ်တာ မော့ဆက်

54 Min

ကက်ဂလီယာရီအသင်းကတော့ ပယ်လီဂရီနီရဲ့ ဘယ်ခြမ်းကနေ ဖြတ်တင်ဘောတွေ ပို့ပေးပြီး ဂိုးရဖို့ ကြိုးစားနေတာကို တွေ့ရတယ် ခင်ဗျာ။ အင်တာမီလန်ခံစစ်က ခရီနီယာ ထွက်သွားခဲ့လို့ အားနည်းနေပေမယ့် ကက်ဂလီယာရီရဲ့ တိုက်စစ်လမ်းကြောင်းတွေကိုတော့ ကြိုးစားပြီး ဖြတ်တောက်ထားနိုင်ဆဲပါ။

52 Min

လူကာကူတစ်ယောက် ကက်ဂလီယာရီ ဂိုးဧရိယာထဲမှာ အပိုင်ကန်သွင်းခွင့် တစ်ကြိမ် ရခဲ့တာ ခင်ဗျာ။ သူ့ရဲ့ကန်ချက်က ဂိုးဘေးက ထွက်သွားခဲ့ပါတယ်။

ဆက်တိုက်ဆိုသလိုပဲ မာတီနက်ဇ်ကလည်း ကန်သွင်းခွင့် တစ်ကြိမ်ရခဲ့ပြီး ကက်ဂလီယာရီ ဂိုးသမား ကာကွယ်သွားနိုင်ခဲ့တယ်။

50 Min

ဒုတိယပိုင်းပွဲစတယ်ဆိုတာနဲ့ ကက်ဂလီယာရီအသင်းက ထောင့်ကန်ဘောရခဲ့တာ ခင်ဗျာ။ ဒါပေမယ့်လည်း လိုနီတာရဲ့ အပိုင်ပိတ်သွင်းမှုက ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့ပါတယ်။

48 Min

ဒီနေ့ပွဲမှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်ခွင့်မရတဲ့ ကန်ဒရီဗာ ရဲ့ အနေအထားကြောင့်လည်း အင်တာမီလန်ကွင်းလယ်က ပိုပြီးအားနည်းနေခဲ့တယ် လို့ ပြောရမယ် ခင်ဗျာ။ ကန်ဒရီဗာ ရဲ့နေရာမှာ ဝင်ကစားတဲ့ ဗယ်လာရို ကလည်း အသင်းရဲ့ တိုက်စစ်လမ်းကြောင်းတွေကို ဖန်တီးပေးနိုင်စွမ်းမရှှိခဲ့လို့ အင်တာမီလန် တိုက်စစ်က ဂိုးရဖို့ ရုန်းကန်နေရတာလို့ ပြောရမယ် ထင်ပါတယ်။

Updates

4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago

Pages

Mizzima Weekly