LIVE: အင်တာမီလန် ၁-၁ ကက်ဂလီယာရီ (Full-time)

26 January 2020
LIVE: အင်တာမီလန် ၁-၁ ကက်ဂလီယာရီ (Full-time)
Serie A January 26, 18:00

Inter Milan
1-1 (FT)
Martinez 29' Nainggolan 78'
Stadium: San Siro
Yellow Card!!

အင်တာမီလန်ကွင်းလယ်လူ ဘာရယ်လာ ကတော့ နိုင်ဂိုလန်ကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့လို့ ကွင်းလယ်ဒိုင်က အဝါကတ် ပြလိုက်ပြီ ခင်ဗျာ။

62 Min

ဒီတစ်ကြိမ်ရရှိခဲ့တဲ့ ဆန်ဆီ ရဲ့ ကန်ချက်က အင်တာမီလန်အတွက် ဒုတိယ ဦးဆောင်ဂိုးဖြစ်ဖို့ နီးစပ်ခဲ့တာ ခင်ဗျာ။ ကက်ဂလီယာရီနောက်ခံလူ (၂)ယောက်ကို လိမ်ခေါက်ပြီး ကန်သွင်းလိုက်တဲ့ ဆန်ဆီရဲ့ ကန်ချက်က ဂိုးပေါက်နဲ့ နည်းနည်းလေးပဲ လွဲသွားခဲ့တာပါ။

60 Min

ပွဲကစားချိန် မိနစ် (၆၀) ရှိသွားခဲ့ပြီ ခင်ဗျာ။ အင်တာမီလန်အသင်းကတော့ သူတို့ ပထမပိုင်းတုန်းက ရထားခဲ့တဲ့ ဦးဆောင်ဂိုး တစ်ဂိုးကို ဆက်လက် ထိန်းထားနိုင်ဆဲပါပဲ။

58 Min

ကက်ဂလီယာရီတိုက်စစ်မှူး ဆီမြွန်နီ ကို ဂိုဒင်က ဂိုးဧရိယာအစပ်နားမှာ ဆွဲလှဲခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘောပေးခဲ့တာ ခင်ဗျာ။ ဒါပေမယ့်လည်း နိုင်ဂိုလန် ရဲ့ ကန်သွင်းမှုက အသင်းဖော်ကစားသမားနဲ့ထိပြီး ဂိုးလွန်ဘောဖြစ်သွားခဲ့တာပါ။ နိုင်ဂိုလန်ရဲ့ ကန်ချက်က ဂိုးပေါက်ဆီ တန်းတန်းမတ်မတ်သွားခဲ့ပေမယ့် လူတံတိုင်းထဲမှာ ရှိနေတဲ့ အသင်းဖော်ရဲ့ ခြေထောက်နဲ့ ထိသွားခဲ့ရတာမို့ နစ်နာခဲ့ရပါတယ်။

56 Min

မာတီနက်ဇ် ၊ ဆန်ဆီ နဲ့ လူကာကူ တို့ ကက်ဂလီယာရီ ဂိုးဧရိယာထဲမှာ အပေးအယူတွေလုပ်ပြီး ဂိုးသွင်းဖို့ ကြိုးစားခဲ့ကြပေမယ့် သူတို့ရဲ့အပေးအယူတွေ မတိကျတာကြောင့် အခွင့်အရေးကောင်း တစ်ခုတော့ ဖန်တီးနိိုင်ခြင်းမရှိသေးဘူး ခင်ဗျာ။