LIVE: အဲဗာတန် ၀-၀ အာဆင်နယ် (Full-time)

21 December 2019
LIVE: အဲဗာတန် ၀-၀ အာဆင်နယ် (Full-time)
Premier League December 21, 19:00

Everton
0-0 (FT)

Stadium: Goodison Park

76 Min

အဲဗာတန်အသင်းက  ဖေဘီယန်ဒဲဖ်ရဲ့နေရာမှာ မိုက်ကယ်ကိန်းကို ထည့်သွင်းကစားလိုက်တယ် ခင်ဗျာ။ ကြည့်ရတာတော့ အဲဗာတန်က ခံစစ်ကို (၃)ယောက်ပဲ ထားကစားမယ့်ပုံ ရှိနေပြီး (၃-၅-၂)့ပုံစံကို ပြောင်းလဲသွားဖို့ရှိနေတာပါ။

74 Min

အဲဗာတန်အသင်းရဲ့ ဒီတစ်ကြိမ်ထိုးဖောက်မှုက ဂိုးရလုနီးပါး ဖြစ်နေခဲ့တာ ခင်ဗျာ။ အာဆင်နယ်ကွင်းလယ်လူ တော်ရဲရားတစ်ယောက် အနာခံပြီး ကာကွယ်ခဲဲ့လို့သာ အဲဗာတန်တို့ ဂိုးမရခဲ့တာပါ။ ဒီပွဲသာ လက်ရှိရလဒ်နဲ့ ပြီးသွားခဲ့ရင် အကောင်းဆုံး ကစားသမားဆုကို တော်ရဲရားတောင် ရသွားမယ့်ပုံပါပဲ။

72 Min

အာဆင်နယ်အသင်းရဲ့တောင်ပံတိုက်စစ်က မာတီနယ်လီ တစ်ယောက် ခံစစ်ဇုန်ထဲအထိ ဆင်းပြီး ဖျက်ထုတ်မှုတွေ ပြုလုပ်နေတာကို တွေ့နေရတယ်ခင်ဗျာ။ ကဲလ်ဘတ်လီဝင်ရဲ့ တစ်ကိုယ်တော်ထိုးဖောက်မှုတွေကို မစ်လန်းနိုင်းလ် တစ်ယောက် မထိန်းနိုင်ပဲ ဖြစ်နေတာကြောင့် မာတီနယ်လီ ပါ ခံစစ်ဇုန်ထဲရောက်နေခဲ့တာပါ။

69 Min

အာဆင်နယ်နည်းပြ ယွန်းဘတ်ကတော့ စမစ်ရိုဝီ အစား ဝီလော့ခ် ကို ထည့်သွင်းကစားလိုက်ပြန်ပြီ ခင်ဗျာ။ အရန်ခုံမှာ ပီပီနဲ့ လာကာဇက် တို့ရှိနေပေမယ့်လည်း ယွန်းဘတ်ကတော့ အတွေ့အကြုံနည်းတဲ့ ဝီလော့ခ်ကိုသာ ထည့်သွင်းကစားစေလိုက်ပါတယ်။

67 Min

အာဆင်နယ်အသင်းနည်းပြ ယွန်းဘတ်ကတော့ သူ့ရဲ့လူငယ်ကစားသမားတွေကို အလဲအလှယ်မလုပ်သေးပဲ ဇွဲကောင်းကောင်းနဲ့ ဆက်လက် အသုံးပြုနေဆဲပဲ ခင်ဗျာ။ အသင်းရဲ့ တိုက်စစ်က လူငယ်ကစားသမားတွေကြောင့် ထင်သလောက်မသွက်ခဲ့ပဲ ဂိုးရဖို့ ရုန်းကန်နေရဆဲပါ။ အာဆင်နယ်က ဒုတိယပိုင်း ပွဲစကတည်းက ညာခြမ်းတိုက်စစ်ကနေ တစ်ချိန်လုံးထိုးဖောက်နေခဲ့ပြီး နယ်လ်ဆင်နဲ့ ဆာကာ တို့ဆီက ဖြတ်တင်ဘောပေးပို့မှုတွေကို မကြာခဏ မြင်နေရပါတယ်။