LIVE: ခရစ္စတယ်ပဲလေ့စ် ၁-၁ အာဆင်နယ်

11 January 2020
LIVE: ခရစ္စတယ်ပဲလေ့စ် ၁-၁ အာဆင်နယ်
Premier League January 11, 19:00

Crystal Palace
1-1
Jordan Ayew 54' Aubameyang 12'
 
Selhurst Park
Kick Off - 46 Min

ပဲလေ့စ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ဒုတိယပိုင်းပွဲချိန်တွေကို ပြန်လည်စတင်လိုက်ပြီ ဖြစ်ပါတယ်။

Palace 0 – 1 Arsenal (HT)

ပဲလေ့စ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပထမပိုင်း (၄၅)မိနစ်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ပွဲအစပိုင်းမှာ သွင်းယူခဲ့တဲ့ အူဘာမီယန်းနဲ့ သွင်းဂိုးတစ်ဂိုးနဲ့အတူ အာဆင်နယ်အသင်းက ဦးဆောင်နေခဲ့တာဖြစ်ပြီး ပဲလေ့စ်အသင်းကို အသာစီးကနေ တောက်လျှောက် ကစားနေခဲ့တာပါ။

အာတီတာရဲ့ လက်ထက်မှာ ပြန်လည်တည်ငြိမ်လာတဲ့ ခံစစ်ပိုင်းနဲ့အတူ အာဆင်နယ်တို့ နိုင်ပွဲတစ်ပွဲ ရသွားမလား။ ပဲလေ့စ်ကပဲ သူတို့ရဲ့ အိမ်ကွင်းမှာ ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ ပြန်လာမလားဆိုတာ Mizzima နဲ့အတူ ဆက်လက်စောင့်ကြည့်လိုက်ကြပါစို့….။

Injury Times (+2)

ပထမပိုင်းပွဲချိန် (၄၅)မိနစ် ပြည့်သွားခဲ့လို့ နာကျင်အချိန်ပို (၂) မိနစ် သတ်မှတ်ပေးထားခဲ့တယ် ခင်ဗျာ။

Yellow Card!!

အာဆင်နယ်အသင်း တောင်ပံကစားသမား ပီပီ ကတော့ ဒီပွဲရဲ့ ပထမဆုံးအဝါကတ်ကို ရရှိသွားခဲ့ပါပြီ။

45 Min

ပွဲချိန် ပထမပိုင်းမှာတော့ အာဆင်နယ်အသင်းက ဘောလုံးပိုင်ဆိုင်မှု (၇၀)ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားပြီး ပဲလေ့စ်ကို အပြတ်အသတ် အသာစီးရနေခဲ့တာ ခင်ဗျာ။ ပဲလေ့စ်ကတော့ ပထမပိုင်းပွဲပြီးခါနီး မိနစ်အနည်းငယ် အလိုမှာမှ အာဆင်နယ်ကို ပြန်လည်ဖိအာပေးနိုင်တာဖြစ်ပြီး သူတို့ရဲ့ ပုံစံကောင်းပြဖို့ ရုန်းကန်နေခဲ့ရတာပါ။

Updates

4 years 5 months ago
4 years 5 months ago
4 years 5 months ago
4 years 5 months ago
4 years 5 months ago

Pages

Mizzima Weekly