Live: အာဆင်နယ် ၄-၀ နယူးကာဆယ် (Full-time)

16 February 2020
Live: အာဆင်နယ် ၄-၀ နယူးကာဆယ် (Full-time)
Premier League February 16, 23:00

Arsenal
4-0 (FT)
Aubameyang 54' Pepe 57' Ozil 90' Lacazette 90'+5
 
Stadium: Emirates Stadium
48 Min

ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေမှာတော့ အာဆင်နယ်က နယူးကာဆယ် နဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲစုံ (၁၄)ပွဲမှာ (၁၃)ပွဲအထိ နိုင်ထားခဲ့တာ ခင်ဗျာ။  ဒါပေမယ့် နောက်ဆုံး ပရီးမီးယားလိဂ် (၄)ပွဲဆက် သရေကျထားခဲ့တဲ့ အာဆင်နယ်ရဲ့ ခြေစွမ်းကတော့ အကျဖက်ကို နည်းနည်းရောက်နေတယ်လို့ ပြောရမှာဖြစ်ပြီး နိုင်ပွဲရဖို့ ရုန်းကန်နေရတဲ့ အနေအထားကိုတော့ တွေ့နေရတာပါ

Kick Off - 46 Min

အာဆင်နယ်အသင်းနဲ့ နယူးကာဆယ်အသင်းတို့ရဲ့ ဒုတိယပိုင်း (၄၅)မိနစ်ကို ပြန်လည်စတင်လိုက်ပြီ ဖြစ်ပါတယ်။

Arsenal 0 – 0 Newcastle (HT)

အာဆင်နယ်အသင်းနဲ့ နယူးကာဆယ်အသင်းတို့ရဲ့ ပထမပိုင်းပွဲချိန်ကတော့ ဂိုးမရှိ၊ သရေနဲ့ ပြီးဆုံးသွားခဲ့ပြီ ခင်ဗျာ။ နယူးကာဆယ်အသင်းရဲ့ ခံစစ်ဗျူဟာ က ပထမပိုင်းမှာ အလုပ်ဖြစ်ခဲ့ပြီး အာဆင်နယ်အသင်းက နယူးကာဆယ်ရဲ့ ဂိုးဧရိယာထဲကို ထိုးဖောက်ရ ခက်နေခဲ့တာပါ။

ဒီပွဲမှာ အာဆင်နယ်အသင်းနည်းပြ အာတီတာရဲ့ လူထုတ်ပုံကလည်း အဓိက  ကျခဲ့ပြီး အထောင်တိုက်စစ်မှူးအဖြစ် ပွဲထွက်လာခဲ့တဲ့ အန်ခီတီယာ က ပထမပိုင်းမှာ ဂိုးကန်သွင်းခွင့် တစ်ကြိမ်မှ မရခဲ့ပါဘူး။

ဒုတိယပိုင်းမှာရော အာတီတာ အနေနဲ့ အပြောင်းအလဲတွေ လုပ်သွားမလား။ ဒါမှမဟုတ် ဒီလူစာရင်းကိုပဲ ခေါင်းမာမာနဲ့ဆက်သုံးမလားဆိုတာ စောင့်ကြည့်ရင်း အာဆင်နယ်နဲ့ နယူးကာဆယ် အသင်းတို့ရဲ့ ပွဲစဉ်ကို အတူတူ ဆက်လက်စောင့်ကြည့်ကြပါဦးစို့နော်…။

Injury Times (+1)

ပထမပိုင်း ပွဲကစားချိန် (၄၅)မိနစ် ပြည့်သွားခဲ့လို့ နာကျင်အချိန်ပို (၁)မိနစ် သတ်မှတ်ပေးထားခဲ့တယ် ခင်ဗျာ။

44 Min

ဒီနေ့ရဲ့ အစောပိုင်းပွဲဖြစ်တဲ့ ဗီလာနဲ့ စပါးအသင်းတို့ရဲ့ ပွဲစဉ်က အပြန်အလှန်တိုက်စစ်ဆင်ပြီး ကြည့်ကောင်းခဲ့သလောက် ဒီပွဲစဉ်ကတော့ အေးစက်စက်နဲ့ ကြည့်မကောင်းပဲ ဖြစ်နေခဲ့တယ် ခင်ဗျာ။ နယူးကာဆယ်က ခံစစ်ကို အလွန်အကျွံကစားနေခဲ့ပြီး အာဆင်နယ်အသင်းကလည်း ထင်သလောက် မကောင်းပဲ ဖြစ်လို့နေခဲ့ပါတယ်။

Updates

4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago

Pages

Mizzima Weekly