Live: အာဆင်နယ် ၄-၀ နယူးကာဆယ် (Full-time)

16 February 2020
Live: အာဆင်နယ် ၄-၀ နယူးကာဆယ် (Full-time)
Premier League February 16, 23:00

Arsenal
4-0 (FT)
Aubameyang 54' Pepe 57' Ozil 90' Lacazette 90'+5
 
Stadium: Emirates Stadium
Goal!!!

အာဆင်နယ်အသင်းအတွက် အဖွင့််ဂိုးကို တိုက်စစ်မှူး အူဘာမီယန်းက သွင်းယူပေးသွားခဲ့ပြီ ခင်ဗျာ

56 Min

အာဆင်နယ်အသင်းက ဒုတိယပိုင်းစတယ်ဆိုကတည်းက  နယူးကာဆယ်ကို ဆက်တိုက် ဖိအားပေးနေခဲ့ပြီး ဂိုးကန်သွင်းခွင့်တွေလည်း ရနေတာ ခင်ဗျာ။ စပါးအသင်းကနေ အငှားနဲ့ပြောင်းလာတဲ့ ဒန်နီရို့စ်ကလည်း နယူးကာဆယ်ခံစစ်မှာ ခြေစွမ်းပြနေပြီး ဆာကာ ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေခဲ့တာပါ။

54 Min

ပီပီရဲ့ ဖန်တီးပေးပို့မှုကနေ အန်ခီတီယာ တစ်ယောက် ပိတ်သွင်းမှုက ဂိုးဘားတန်းကို ထိပြီး ထွက်သွားခဲ့ရတာပါ။အာဆင်နယ်အသင်းအတွက် ဂိုးရလုနီးပါး အခြေအနေပဲဖြစ်ပြီး ပထမပိုင်းတုန်းကထက် အခွင့်အရေးတွေ ရလာနေပြီလို့ ပြောရမယ် ခင်ဗျာ။

52 Min

အာဆင်နယ်အသင်းအတွက်တော့ ဥရောပပြိုင်ပွဲဝင်ခွင့် မျှော်လင့်ချက်အတွက်ရမှတ်တွေ စုဆောင်းနိုင်ဖို့ လိုအပ်နေတာ ခင်ဗျာ။ လက်ရှိအချိန်အထိတော့ နယူးကာဆယ်အသင်းဆီကနေ အမှန်ယူဖို့  ရုန်းကန်နေရဆဲဖြစ််ပြီး ဦးဆောင်ဂိုးနဲ့ ဝေးကွာနေဆဲပါ။

50 Min

ပွဲအစမှာပဲ အာဆင်နယ်အသင်းတိုက်စစ်မှူး အူဘာမီယန်း တစ်ယောက် ဂိုးကန်သွင်းခွင့်ရခဲ့ပေမယ့် သူ့ရဲ့ကန်ချက်က အားပျော့သွားခဲ့သလို ဂိုးပေါက်နဲ့လည်း လွဲသွားခဲ့တာပါ။

Updates

4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago

Pages

Mizzima Weekly