Live: အာဆင်နယ် ၄-၀ နယူးကာဆယ် (Full-time)

16 February 2020
Live: အာဆင်နယ် ၄-၀ နယူးကာဆယ် (Full-time)
Premier League February 16, 23:00

Arsenal
4-0 (FT)
Aubameyang 54' Pepe 57' Ozil 90' Lacazette 90'+5
 
Stadium: Emirates Stadium
68 Min

နယူးကာဆယ်နောက်ခံလူ ကလပ်ခ်တစ်ယောက် အာဆင်နယ် ဂိုးဧရိယာထဲမှာ အပိုင်ကန်သွင်းခွင့်ရခဲ့ပေမယ့် သူ့ရဲ့ကန်ချက်က လူထိပြီး ဂိုးအပြင်ရောက်သွားခဲ့လို့ ထောင့်ကန်ဘောနဲ့ အဆုံးသတ် သွားခဲ့တယ် ခင်ဗျာ

66 Min

ပထမပိုင်းပွဲချိန်တုန်းက  ကောင်းခဲ့တဲ့ နယူးကာဆယ်ရဲ့ ခံစစ်ပိုင်းကတော့ ပွဲချိန် ဒုတိယပိုင်းမှာပဲ အားလုံး ပြိုပျက်သွားခဲ့ရတယ် ခင်ဗျာ။ လက်ရှိအချိန်မှာတော့ နယူးကာဆယ်အသင်းက ချေပဂိုးပြန်ရဖို့ တိုက်စစ်ပြန်ကစားရဖို့ရှိနေပြီး အာဆင်နယ်ရဲ့ တန်ပြန်တိုက်စစ်တွေကို သတိထားဖို့တော့ လိုမယ် ခင်ဗျာ။

64 Min

နယူးကာဆယ်အသင်း နောက်ခံလူ ကလပ်ခ် ကတော့ အာဆင်နယ်တိုက်စစ်ကို တားဆီးဖို့ ကြိုးစားရင်း ပီပီနဲ့ ထိမိလို့  ဒဏ်ရာရသွားခဲ့ပြီ ခင်ဗျာ။

62 Min

အာဆင်နယ်အသင်းက (၃)မိနစ်အတွင်းမှာပဲ သွင်းဂိုး (၂)ဂိုးရသွားခဲ့တာ ခင်ဗျာ။ အူဘာမီယန်းရဲ့ ခေါင်းတိုက်ချက်က အဆင့်မြင့်သလို ၊ ဆာကာ ရဲ့ အလှပဆုံးဖန်တီးမှုကနေ ပိတ်သွင်းသွားတဲ့ ပီပီရဲ့ ကန်ချက်ကလည်း တိကျတာမို့ အာဆင်နယ်အသင်းက ခဏလေးအတွင်းမှာပဲ သွင်းဂိုး (၂)ဂိုး ရရှိသွားခဲ့ပါပြီ။

Goal!!!

အာဆင်နယ်အသင်းအတွက် ဒုတိယဂိုးကို ပီပီ က သွင်းယူပေးသွားခဲ့ပြန်ပါပြီ။

Updates

4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago

Pages

Mizzima Weekly