LIVE: 2020 General Elections

LIVE: 2020 General Elections
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နှင့်အင်တာဗျူး

“ကိုယ်စားလှယ်ကရတဲ့မဲတွေကိုကြည့်ခြင်းအားဖြင့် ကိုယ့်positioကို သိမယ်လေ။ ကိုယ့်ဟာကို အားစမ်းတဲ့ သဘောပေါ့။ နိုင်သူအကုန်ယူစနစ်ဖြစ်တဲ့အတွက် ကျွန်မတို့ရတဲ့မဲကိုကြည့်ပြီးနံပါတ်ဘယ်လောက်ရသလဲပေါ့။ ကျွန်မမျှော်မှန်းတာကတော့ ကျွန်မတို့နံပါတ်သုံးလောက်တော့ချိတ်မယ်။”

နိုဝင်ဘာ ၈ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲမှာတော့ မျက်နှာသစ်ပါတီ တစ်ခုဖြစ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ပါတီအနေနဲ့ မြို့နယ်ပေါင်း ၁၀၀ ကျော်မှာ ကိုယ်စားလှယ် လောင်း ဦးရေ ၂၃၂ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်ရရှိခဲ့တဲ့ မဲဆန္ဒနယ်ဆိုလို့မရှိခဲ့ပါဘူး။

ဒါ့အပြင် ရွေးကောက်ပွဲကာလအတွင်းနဲ့ အနိုင်၊အရှုံးပေါ်ထွက်လာချိန်တွေမှာလည်း ပါတီဥက္ကဋ္ဌဖြစ်တဲ့ ဒေါ်သက်သက်ခိုင်အပေါ်မှာ ဝေဖန်မှုတွေက ရှိခဲ့ပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ပါတီဥက္ကဌဒေါ်သက်သက်ခိုင်ကို မဇ္ဓျိမသတင်းဌာနက တွေ့ဆုံမေးမြန်းထား ပါတယ်။

ရိုက်ကူး - အုပ်မှူးဇော်

တည်းဖြတ် - ပြည့်ဖြိုးအောင်

ကယားပြည်နယ်အတွင်းက ရွေးကောက်ပွဲအနိုင်ရ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ

၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက်  ကယားပြည်နယ်အတွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအနက် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေလည်း အနိုင်ရရှိထားပါတယ်။

လက်ရှိ ကယားပြည်နယ်အတွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့  နိုင်ငံရေးပါတီတွေက အနိုင်ရရှိထားတဲ့ အမျိုး သမီးကိုယ်စားလှယ်လောင်းတွေဟာဆိုရင် ပြည်သူ့လွှတ်တော်နေရာအတွက် သုံးဦးရှိပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာအတွက် တစ်ဦးနဲ့ ပြည်နယ်လွှတ်တော်နေရာအတွက် နှစ်ဦးပဲဖြစ်ပါတယ်။

တည်းဖြတ် - ဇောမင်းထွေး

တင်ဆက် - ဆုမြတ်မေဇော်

သတင်း - ဆုမြတ်မေဇော်

မြိတ်မြို့တွင် NLD ပါတီအား ဝန်းရံထောက်ခံသည့် မြို့ခံပြည်သူဦးရေ ထောင်ချီ၍ ဆိုင်ကယ်များ လှည့်လည်

မြိတ်မြို့တွင် NLD ပါတီအား ဝန်းရံထောက်ခံသည့် မြို့ခံပြည်သူဦးရေ ထောင်ချီ၍ ဆိုင်ကယ်များ ကားများဖြင့် ယနေ့ ညပိုင်းတွင် မြို့တွင်း လှည့်လည်ခဲ့ကြသည်။

ထိုအပြင် ဝန်းရံထောက်ခံသူများကို ရပ်ကွက် အချို့က စတုဒီသာ အအေးနှင့် မုန့်များ‌ ဝေငှခဲ့သည်။

ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

NLDရုံးချုပ်ရှေ့တွင် ပါတီဝန်းရံသူများ ဒုတိယမြောက်နေ့အဖြစ် ထပ်မံစုဝေး

နို၀င်ဘာ ၉

ဗဟန်းမြို့နယ်ရွှေဂုံတိုင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဌာနချုပ်ရှေ့တွင် ပါတီကိုထောက်ခံ ၀န်းရံသူများ ဒုတိယမြောက်နေ့အဖြစ် လာရောက်စုဝေးခဲ့ပါတယ်။

နို၀င်ဘာလ ၈ရက်‌နေ့ညပိုင်းကလဲ ၀န်းရံသူ ထောင်ချီ စုဝေးခဲ့တာကြောင့် အနောက်ရွှေဂုံတိုင်လမ်းမှာ ကားသွားလာမှုကြပ်တောက်သွားခဲ့ပါတယ်။

နို၀င်ဘာလ ၈ရက်နေ့ကပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို onlineကကြေငြာမှာ ဖြစ်တာကြောင့် မိမိနေအိမ်တွေမှာသာ စောင့်ဆိုင်းကြည့်ရှုကြဖို့မေတ္တာရပ်ခံချက်ကို NLD ပါတီက ထုတ်ပြန်ထား ပါတယ်။

ဓာတ်ပုံ - သက်ကို / မဇ္ဈိမ