LIVE: 2020 General Elections

LIVE: 2020 General Elections
၂၀၂၀ရွေးကောက်ပွဲတွင် မသန်စွမ်းကိုယ်စားလှယ်လောင်း ၄ဦးမှာ ၁ဦးသာ အနိုင်ရ 

၂၀၂၀ရွေးကောက်ပွဲမှာ နိုင်ငံအနှံ့ ကိုယ်စားလှယ်လောင်း တစ်သောင်းကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာမှာ တော့ မသန်စွမ်းကိုယ်စားလှယ်လောင်း လေး ဦးလည်း ပါဝင်ခဲ့ပါတယ်။

တည်းဖြတ် - ပြည့်ဖြိုးအောင်

တင်ဆက် - သီရိဇော်

ရွေးကောက်ပွဲ လေးကြိမ်ဆက်တိုက်အနိုင်ရရှိထားသူများ

ဒေါက်တာဇော်မြင့်မောင်
====== ======
ဒေါက်တာ ဇော်မြင့်မောင်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အမရပူရမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရွေးကောက် ခံရတဲ့အပြင် ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပါသေးတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ အမရပူရမြို့နယ်ကနေ ရွေးကောက်ခံခဲ့ရပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံခဲ့ရသလို လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အမရပူရမဲဆန္ဒနယ်အမှတ်(၂) က ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိထားတဲ့ လေးကြိမ်ဆက်တိုက် ရွေးကောက်ပွဲအနိုင်ရရှိထားသူဖြစ်ပါတယ်။

ဒေါက်တာမေဝင်းမြင့်
====== =====
NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်လည်းဖြစ် လက်ရှိ မရမ်းကုန်းမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်းဖြစ်တဲ့ ဒေါက်တာဒေါ်မေဝင်းမြင့်ဟာလည်း ၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ် တော်အမတ်အဖြစ် အနိုင်ရရှိခဲ့သူပါ။
၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲမှာတော့ မရမ်းကုန်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် မရမ်းကုန်းမြို့နယ်က ထပ်မံအရွေးခံပြီး အနိုင်ရရှိခဲ့သူပါ။
လက်ရှိ ၂၀၂၀အထွေထွေမှာလည်း မရမ်းကုန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အနိုင်ရရှိခဲ့ပါတယ်။

ဦးဝင်းမြင့်(နိုင်ငံတော်သမ္မတ)
=== ==
ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ ၁၀ဦးမြောက် နိုင်ငံတော်သမ္မတဖြစ်တဲ့ ဦးဝင်းမြင့်ကတော့ ၁၉၉၀ ခုနှစ်ရွေး ကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အမတ်အဖြစ် အနိုင်ရရှိခဲ့သူပါ။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ပုသိမ် မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ၂၀၁၅ ခုနှစ်မှာတော့ တာမွေမဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ်ကနေတဆင့် နိုင်ငံတော်သမ္မတ ဖြစ်လာခဲ့တာပါ။

လက်ရှိ ၂၀၂၀ခုနှစ်မှာတော့ တာမွေမဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိထားပြီလို့ သိရပါတယ်။

တည်းဖြတ် - ဇောမင်းထွေး

တင်ဆက် - ဆုမြတ်မေဇော်

ရွေးကောက်ပွဲအနိုင်ရရှိခဲ့တဲ့ လက်ရှိဝန်ကြီးချုပ်များ

လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲမှာ အာဏာရပါတီရဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးက ဝန်ကြီးချုပ်တွေ အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတွေအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ အခုနောက်ဆုံးသူတို့ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ်က မဲရလဒ်တွေကအရ အနိုင်ရရှိထားကြတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ဟာ ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ တိုင်းဒေသကြီးလွှတ်တော်အတွက် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မဲဆန္ဒအမှတ် (၁)ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ 

တည်းဖြတ် - ဇော်မင်းထွေး

တင်ဆက် - အုပ်မှူးဇော်

မျက်နှာပန်းမလှခဲ့တဲ့ ပါတီသစ်ကြီး ၃ ပါတီ

နိုဝင်ဘာ ၈ရက်မှာကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကတော့ အောင်မြင်မြင်နဲ့ ပြီးဆုံးခဲ့ပါပြီ။

ဒီရွေးကောက်ပွဲမှာတော့ ပါတီပေါင်း ၉၁ ပါတီက ကိုယ်စားလှယ်လောင်းပေါင်း ၅၆၀၀ကျော်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

ဒီလိုပြိုင်ဆိုင်ခဲ့တဲ့နေရာမှာ မျက်နှာသစ်ပါတီတွေလည်းဖြစ် လူသိထင်ရှားသူတွေဖြစ်တဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ၊  ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်သူ ဒေါက်တာသက်သက်ခိုင် ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီတို့ကလည်း မဲဆန္ဒနယ်အများအပြားမှာ ဝင်ရောက်ပြိုင်ဆိုင်ခဲ့တာပါ။

တည်းဖြတ် / တင်ဆက် - ချမ်းငြိမ်း
 

ဝန်ကြီးဟောင်း ဝန်ကြီးချုပ်ဟောင်းများ အပြတ်သတ်ရှုံးနိမ့်

ကြံ့ခိုင်ရေး ဝန်ကြီးဟောင်း၊ ဝန်ကြီးချုပ်ဟောင်းများ အပြတ်သတ်ရှုံးနိမ့် 

*********************
 
စစ်အစိုးရနဲ့ ဦးသိန်းစိန်အစိုးရလက်ထက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်စသည့် ထိပ်သီးတာဝန်တွေကို ယူခဲ့ဖူးတဲ့ ၃၅ ယောက်ဟာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ရာမှာ ၃ ဦးပဲနိုင်ပြီး၊ ကျန်တဲ့နေရာတွေမှာ NLD ကို အပြတ်အသတ်ရှုံးနိမ့်ခဲ့ပါတယ်။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/75471

တည်းဖြတ် / တင်ဆက် - အောင်မျိုးထွဋ်