Kyrgyzstan 7-0 Myanmar (Full-time)
ပွဲက ဒီအတိုင်းပဲ ပြီးသွားလိမ့်မယ်လို့တောင် ထင်ရတယ်ခင်ဗျာ။ ကာဂျစ်စတန်က ထိုးဖောက်မှုအနည်းငယ်လုပ်နေပေမယ့် ထိရောက်မှုမရှိတော့သလို မြန်မာအသင်းကလည်း မိနစ် (၈၀)ကျော်လာတဲ့နောက် ကစားအားက သိသိသာသာ ကျသွားခဲ့တယ်။
စည်သူအောင်ရဲ့နေရာမှာ လူစားဝင်လာခဲ့တဲ့ လွင်မိုးအောင် က မြန်မာအသင်းရဲ့တန်ပြန်တိုက်စစ်တွေ ပြန်လည်စတင်နိုင်ဖို့ ကြိုးစားပေးနေတာကိုတွေ့ရတယ်။ ဒါပေမယ့်လည်း ချေပဂိုးရဖို့ကတော့ ဝေးနေဆဲပါပဲ။
Substitution - 78'
IN
Lwin Moe Aung
Out - Sithu Aung
ပွဲချိန်မိနစ်(၉၀)ပြီးဆုံးဖို့ (၁၃)မိနစ်လောက်ပဲ လိုတော့မယ့်အချိန်လောက်မှာတော့ ကာဂျစ်စတန်က ကစားအားကို လျော့ချလိုက်ပြီး မြန်မာအသင်းကစားသမားတွေအနေနဲ့ ပြန်လည်ဖိအားပေးလာနိုင်တာကိုတော့ တွေ့ရတယ်ခင်ဗျာ။
မြန်မာအသင်းတိုက်စစ်မှူး သန်းပိုင်တစ်ယောက် ဂိုးရဖို့ ထိုးဖောက်ကစားနေတာကိုတွေ့ရပြီး သူ့ရဲ့ကန်သွင်းချက်ကို ကာဂျစ်စတန်ဂိုးသမား ကာကွယ်လိုက်နိုင်လို့ မြန်မာတို့ ချေပဂိုးတစ်ဂိုးနဲ့ လွဲသွားခဲ့တာပါ။
အွန်လိုင်းကနေ တိုက်ရိုက်ကြည့်ရှုနေကြတဲ့ မြန်မာပရိသတ်တွေကတော့ မြန်မာအသင်း ဂိုးပြန်သွင်းနိုင်လိမ့်မယ်လို့ ယုံကြည်မှု မရှိဖြစ်နေကြပြီး နောက်ထပ်ဂိုးတွေ ပေးရလိမ့်ဦးမယ်လို့ ခန့်မှန်းနေကြပါတယ်။