Kyrgyzstan 7-0 Myanmar (Full-time)
ကာဂျစ်စတန်အသင်း သွင်းဂိုးတစ်ဂိုး သွင်းလိုက်ပြန်ပြီခင်ဗျာ။ ဒါပေမယ့် လူကျွံသွားခဲ့လို့ ကွင်းလယ်ဒိုင်က လူကျွံဘောအဖြစ်သာ သတ်မှတ်ပေးထားခဲ့ပါတယ်။ မြန်မာအသင်း (၈-၀)တော့ ဖြစ်မသွားတော့ဘူးပေါ့။
မြန်မာအသင်းအနေနဲ့ ကာဂျစ်စတန်ကို ဂိုးအများကြီးမပြတ်ပဲ ခံကစားနိုင်လိမ့်မယ်လို့ ပရိသတ်တွေက မျှော်လင့်ထားခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ (၇-၀) ဆိုတဲ့ ရလဒ်ကြီး ထွက်ပေါ်နေခဲ့ပြီး တကယ့်ကို ရင်နာဖို့ ကောင်းလွန်းနေပါတယ်။
Bernhardt - Hat Trick ကျောနံပတ် (၉)
ကာဂျစ်စတန်တိုက်စစ်မှူး ကို မြန်မာကစားသမားတွေ ဖျက်တာကြမ်းလို့ ပင်နယ်တီပေးရပြန်ပြီခင်ဗျာ။
ကာဂျစ်စတန်အသင်းက ထောင့်ကန်ဘော ကန်ခွင့်ရဦးမယ်ခင်ဗျာ။ မြန်မာနောက်ခံလူတွေကတော့ နောက်ထပ် ဂိုးမပေးရဖို့အတွက် ကြိုးစားဖျက်ထုတ်နေရတယ်။ ထောင့်ကန်ဘောကို ခေါင်းတိုက်သွင်းဖို့ကြိုးစားပေမယ့် ဂိုးဘားတန်းပေါ်က ကျော်သွားခဲ့တယ်။