US-Iran conflict live updates: အီရန်အပေါ် စစ်ရေးအရ အရေးယူနိုင်သည့် ထရမ့်၏ အခွင့်အာဏာအား ကန့်သတ်ချက် အောက်လွှတ်တော် မဲပေး

08 January 2020
US-Iran conflict live updates: အီရန်အပေါ် စစ်ရေးအရ အရေးယူနိုင်သည့် ထရမ့်၏ အခွင့်အာဏာအား ကန့်သတ်ချက် အောက်လွှတ်တော် မဲပေး

သမ္မတထရမ့်အား ပြစ်တင်မှုတစ်ရပ်အဖြစ် အီရန်အပေါ် ၎င်း၏ အနာဂတ်၌ စစ်ရေးအရ အရေးယူနိုင်မှုကို ကန့်သတ်ရန် အမေရိကန် အောက်လွှတ်တော်တွင် ဇန်နဝါရီ ၉ ရက်က မဲပေးကြသည်။ အပြည့်အစုံ- http://www.mizzimaburmese.com/article/65381

အီရတ်ရှိ အမေရိကန်စစ်အခြေစိုက် စခန်းများကို အီရန်က ဒုံးလက်နက် ဒါဇင်ကျော်ဖြင့် တိုက်ခိုက်

အီရန်သည် ယနေ့ (ဇန်နဝါရီ ၈) မနက် အစောပိုင်းက အီရတ်နိုင်ငံ Irbil နှင့် Al Asad ရှိ အမေရိကန် စစ်အခြေစိုက်စခန်း အနည်းဆုံး နှစ်ခုအား ဒုံးလက်နက် ဒါဇင်ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။အဆိုပါ တိုက်ခိုက်မှုသည် အီရန်ဗိုလ်ချုပ်ကြီး ဆိုလေမာနီ၏ စျာပနအပြီး နာရီပိုင်းအကြာတွင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ အပြည့်အစုံ- http://bit.ly/37P3xZ9

အီရတ်မှ တပ်ဖွဲ့ဝင်များ ထွက်ခွါရန် အမေရိကန်ကာကွယ်ရေးဝန်ကြီး ငြင်းဆို

အီရတ်ရှိ အမေရိကန်Task Force မှ ဗိုလ်မှူးချုပ် ဝီလျံဆီလီက  အမေရိကန်တပ်ဖွဲ့ဝင်များ အီရတ်မှထွက်ခွါရန် ပြင်ဆင်နေပြီဟု စာထုတ်ပြီးနောက် ပင်တဂွန်အကြီးအကဲ အမေရိကန်ကာ ကွယ်ရေးဝန်ကြီးဖြစ်သူ မာ့ခ်အက်စပါ က တပ်ဖွဲ့ဝင်များဆုတ်ခွါမည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ဇန်နဝါရီ ၆ ရက်က ငြင်းဆိုလိုက်သည်။ အပြည့်အစုံ- http://www.mizzimaburmese.com/article/65263

အမေရိကန်တပ်ဖွဲ့ဝင်များကို နိုင်ငံတွင်းမှ နှင်ထုတ်ရေး အီရတ်ပါလီမန် တောင်းဆို

နိုင်ငံတွင်းမှာ ရှိနေသည့် ထောင်နှင့်ချီသော အမေရိကန်တပ်ဖွဲ့ဝင်များကို ပြန်လည်နှင်ထုတ်ရေး အီရတ်ပါလီမန်က အစိုးရကို တောင်းဆိုလိုက်ကြောင်း သိရသည်။ အပြည့်အစုံ- http://www.mizzimaburmese.com/article/65239