ကမ္ဘာ့အန္တရာယ်အရှိဆုံးလေဆိပ် လုလာနီပေါ

ကမ္ဘာ့အန္တရာယ်အရှိဆုံးလေဆိပ် လုလာနီပေါ

နီပေါနိုင်ငံရှိ လုလာ (Lukla) လေဆိပ်လို့ခေါ်တဲ့ တန်ဇင်-ဟီလာရီလေဆိပ်သို့ ပြည်တွင်းလေယာဉ်တစ်စီး ဆိုက်ရောက်လာတာကို ၂၀၁၉ ခုနှစ်၊ မေလ ၂၇ ရက်နေ့က မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ) ပင်လယ်ရေမျက်နှာပြင်အထက် မီတာ (၃,၀၀၀)နီးပါးအမြင့်မှာ တည်ရှိတဲ့ လုလာလေဆိပ်ရဲ့ တိုတောင်းတဲ့ ပြေးလမ်းကြောင်းမှာ  လေယာဉ်အဆင်း၊ အတက် အနည်းဆုံး အကြိမ် (၁၀၀)လောက် အတွေ့အကြုံရှိတဲ့ လေယာဉ်မှူးတွေကိုသာ လုလာမှာ မောင်းနှင်ခွင့်ပြုထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ရဟတ်ယာဉ်တစ်စီး ဆိုက်ရောက်ဖို့ ကြိုးစားရင်း ပျက်ကျခဲ့ရာမှာ လေကြောင်းပို့ဆောင်ရေးနဲ့ ခရီးသွားဝန်ကြီး Rabindra Adhikari အပါအဝင် လူ(၇)ဦး သေဆုံးခဲ့ပါတယ်။