ရန်ကုန်​မြို့တွင် "ဗကသများအဖွဲ့ချုပ်" က ဦးဆောင်၍ ချီတက်ဆန္ဒပြ

ဩဂုတ်လ ၁၉ ရက်

ရန်ကုန်မြို့တွင် "တောင်တန်းမြေပြန့်ညီညွတ်ကြ စစ်သုံးစစ်ကိုအမြစ်ဖျက်ကြ" ဘန်နာစာသားဖြင့် ဗကသများအဖွဲ့ချုပ်က ဦးဆောင်၍ ယနေ့ဩဂုတ်လ ၁၉ရက်တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲတွင် မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊ကျောက်တံတားမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ကြည့်မြင်တိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊လသာမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) နှင့် Burmese Youth Revolutionary Force-BYRF တို့ပူးပေါင်း ပါဝင်ခဲ့ကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)