စစ်ကိုင်းတိုင်းက ရွာပေါင်းစုံ သပိတ်စစ်ကြောင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ၅၂၆ ရက်မြောက်ချီတက်ဆန္ဒပြ

ဩဂုတ်၁၉ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၅၂၆ ရက်မြောက် အဖြစ် ယနေ့ ဩဂုတ်၁၉ ရက်နေ့တွင် ဆက်လက် ချီတက် ဆန္ဒပြသည်။

လူထုသပိတ်စစ်ကြောင်းသည် "How many dead bodies UN need to take action?" "UN! Please stand with people of Burma" စာတမ်းကို ကိုင်ဆောင်၍ စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော် သံများဟစ်ကြွေး ချီတက်ခဲ့ကြကာ ကုလသမဂ္ဂအား မြန်မာပြည်သူများနှင့် အတူရပ်တည်ပေးရန် တောင်းဆိုခဲ့ကြသည်။

ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင်၍ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

စာတည်း။ ။မောင်ကောင်း