ကလေးမြို့ ပင်မသပိတ် စစ်ကြောင်း ၅၅၆ရက်မြောက် ဆက်လက်ချီတက်

ဩဂုတ်လ ၁၇ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ် စစ်ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၅၅၆ မြောက်အဖြစ် ဩဂုတ်လ ၁၇ရက်၊ ယနေ့တွင် ဆက်လက်ဆန္ဒပြသည်။

“ချုပ်ချယ်ရင် ရုန်းကန် ဖိနှိပ်ရင်တွန်းလှန် တိုက်ပွဲအောင်လံလွှင့်ကြ ထူကြ” စာတန်းကို ကိုင်စွဲ၍ စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြသည်။

ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက် ဆန္ဒပြနေခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)