ကုလအထူးကိုယ်စားလှယ်အနေဖြင့် မြန်မာပြည်သူလူထုဘက်မှ ရပ်တည်ပေးရန် ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်စစ် ကြောင်း ဆန္ဒပြ

ဩဂုတ်လ ၁၇ ရက်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ အနေဖြင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဘက်မှ မရပ်တည်ဘဲ မြန်မာပြည်သူလူထုဘက်မှ ရပ်တည်ပေးရန်အတွက်  သပိတ်ပြုလုပ်ခဲ့ကြကြောင်း  စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်စစ်ကြောင်း တာဝန်ရှိသူထံက သိရသည်။ 

မီးရှို့ခံထားရသည့် မီးလောင်ပြင်တစ်ခုတွင် ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့၌ သပိတ်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုသပိတ်တွင်  “How maney dead bodies UN need to take action? “ ဟူသည့် စာသားကို ကိုင်ဆောင်ကာ ဆန္ဒပြကြကြောင်း သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။   ။ အောင်ကျော်ဖြိုး

Photos -AungKhantZaw