“အမှန်တရားနဲ့ တရားမျှတမှု အတွက် လူငယ်တွေ တိုက်ပွဲဝင်ဆဲ” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

ဩဂုတ်၁၆ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင် ရေး ဆန္ဒပြမှု ၅၂၃ရက်မြောက် အဖြစ် ယနေ့ ဩဂုတ်၁၆ ရက်နေ့တွင် ဆက်လက် ချီတက် ဆန္ဒပြကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “အမှန်တရားနဲ့ တရားမျှတမှု အတွက် လူငယ်တွေ တိုက်ပွဲဝင်ဆဲ” စာတမ်းကိုင်စွဲ၍ စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော် သံများဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး