“မပြီးဆုံးသေးတဲ့ ၈လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း” ကလေးမြို့ ပင်မသပိတ် စစ်ကြောင်း

ဩဂုတ်လ ၁၀ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ် စစ်ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၅၄၉ မြောက်အဖြစ် ဩဂုတ်လ ၁၀ရက် ယနေ့တွင်ဆက်လက် ဆန္ဒပြသည်။

“မပြီးဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း” စာတန်းကို ကိုင်စွဲ၍ လူငယ်များမှ ဦးဆောင်ပြီး စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ ကြသည်။

ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက် ဆန္ဒပြနေခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)