“မပြီးဆုံးသေးတဲ့ ၈၈၈၈ လူထုလွတ်မြောက်ရေး ဒို့အတူရုန်း” ကလေးမြို့ ပင်မသပိတ်စစ်ကြောင်း

ဩဂုတ်လ ၈ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ရက်ပေါင်း ၅၄၇ မြောက်အဖြစ် ယနေ့ ဩဂုတ်လ ၈ ရက် တွင်ဆက်လက် ဆန္ဒပြခဲ့ကြသည်။

“မပြီးဆုံးသေးတဲ့ ၈၈၈၈ လူထုလွတ်မြောက်ရေး ဒို့အတူရုန်း” စာတန်းကိုင်စွဲ၍ စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြခြင်း ဖြစ်သည်။

ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက် ဆန္ဒပြနေခြင်းဟုသိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)