“မပြီးဆုံးသေးတဲ့ ၈၈၈၈ လူထုလွတ်မြောက်ရေး ဒို့အတူရုန်း” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း

ဩဂုတ်၈ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင် ရေး ဆန္ဒပြမှု ၅၁၅ ရက်မြောက် အဖြစ် ယနေ့ ဩဂုတ်၈ ရက်နေ့တွင် ဆက်လက် ချီတက် ဆန္ဒပြကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “မပြီးဆုံးသေးတဲ့ ၈၈၈၈ လူထုလွတ်မြောက်ရေး ဒို့အတူရုန်း”စာတန်းကိုင်စွဲ၍ စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော် သံများဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)