"ကျဆုံးသွားသောအာဇာနည်တွေအတွက်သစ္စာစောင့်တည်ကြ" ရွှေနွယ်သွေးသပိတ် ဆက်လက်ချီတက်ဆန္ဒပြ

ဩဂုတ်လ ၇ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ရွှေနွယ်သွေးသပိတ် စစ်ကြောင်းသည် "ကျဆုံးသွားသောအာဇာနည်တွေအတွက်သစ္စာစောင့်တည်ကြ" စာသားပါ ဘန်နာကိုင်စွဲ၍ ယနေ့ သြဂုတ်လ ၇ရက်နေ့တွင် ဆက်လက် ချီတက် ဆန္ဒပြသည်။

“သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း” သည် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၄၆၁ ရက်မြောက်နေ့အဖြစ် ချီတက်သပိတ်မှောက်ခြင်း ဖြစ်သည်။

စာတည်း။ ။ ငြိမ်ချမ်းခေတ်