ယင်းမာပင် မြို့နယ်တွင် NUG ၏ ကြားကာလပညာရေးစုံညီပွဲတော် အောင်မြင်စွာကျင်းပ

ဩဂုတ်လ ၆ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) ၊ ပညာရေးဝန်ကြီးဌာန မှ အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၂၀၂၂ - ၂၀၂၃ ခုနှစ် ကြားကာလ ပညာရေး စုံညီပွဲတော်ကို ကျင်းပခဲ့သည်။

NUG ၏ ပညာရေးစုံညီပွဲတော်ကို သြဂုတ်လ ပထမပတ်အတွင်းက ကျင်းပခဲ့ခြင်းဖြစ်ပြီး ပညာထူးချွန်သော ကျောင်းသားများနှင့် အားကစားထူးချွန်သူများကို ဆုချီးမြှင့် ပေးအပ်၍ ရိုးရာအကများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

စစ်ကောင်စီတပ်၏ ဘေးအန္တရာယ်ကြောင့် လုံခြုံမှုမရှိသော်လည်း ကာကွယ်ရေး တပ်ဖွဲ့များက ဒေသအတွင်း လွှမ်းမိုးထားနိုင်သောကြောင့် NUG အစိုးရ၏ ပညာသင်ကြားရေးအား ယခုကဲ့သို့ ဆုံးခန်းတိုင်အောင် ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုကျင်းပသော ပညာရေးစုံညီပွဲတော်သို့ ပြည်သူ ၃၀၀၀ ကျော် တက်ရောက်ခဲ့ပြီး လွတ်လွတ်လပ်လပ် ပညာသင်ကြားနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဟု အခမ်းအနားကျင်းပရေး ဦးဆောင်သူတစ်ဦးက ပြောကြားသည်။

တည်းဖြတ်။ ။ငြိမ်းချမ်းခေတ်