“အာဏာရှင်မပျက်သုဉ်းသ၍ ငါတို့အားလုံးသည် ဂျင်မီနှင့် ဇေယျာသော်ဖြစ်သည်” ယင်းမာပင်မြို့နယ် သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

ဩဂုတ်လ ၆ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ သပိတ်စစ်ကြောင်းသည် ယမန်နေ့ ဩဂုတ်လ ၅ရက် နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “အာဏာရှင်မပျက်သုဉ်းသ၍ ငါတို့အားလုံးသည် ဂျင်မီနှင့် ဇေယျာသော်ဖြစ်သည်” ဆိုသည့် စာတမ်းအား ကိုင်ဆွဲပြီး ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြခြင်းဖြစ်သည်။

ယင်းချီတက်ပွဲသို့ ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကော်မတီ အဖွဲ့ဝင်များမှ ပူးပေါင်းခဲ့ကာ လူထုအား လက်ရှိနိုင်ငံရေးအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ အောင်ကျော်ဖြိုး