“ညီညွတ်မှ ပြည်သစ်ရမယ် ဘုံရန်သူကို မမေ့ကြနဲ့” ကလေးမြို့ ပင်မသပိတ် စစ်ကြောင်း

ဩဂုတ် ၅ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ် စစ်ကြောင်းသည် “ညီညွတ်မှ ပြည်သစ်ရမယ် ဘုံရန်သူကို မမေ့ကြနဲ့” စာတမ်းကို ကိုင်စွဲ၍ စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးကာ ဩဂုတ် ၅ ရက်တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၅၄၄ မြောက်အဖြစ် ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက် ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက် ဆန္ဒပြနေခြင်းဟုသိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး