“အောင်ပွဲဆိုတာ တိုက်ရဲသူတွေအတွက် ဖြစ်တယ်” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း

ဩဂုတ်လ ၅ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၅၁၂ ရက်မြောက်အဖြစ် ယနေ့ ဩဂုတ်လ ၅ ရက်နေ့တွင် ဆက်လက် ချီတက်ဆန္ဒပြကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “အောင်ပွဲဆိုတာ တိုက်ရဲသူတွေအတွက်ဖြစ်တယ်” စာတန်းကိုင်စွဲ၍ စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)