နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်ရှေ့တွင် အင်အားအများအပြားဖြင့် ဆန္ဒပြ

ဩဂုတ်လ ၃ ရက်

အမေရိကန်နိုင်ငံ နယူးယောက်မြို့ NYCBC အဖွဲ့မှ ဦးစီးပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင် နှင့် အကြမ်းဖက်အာဏာသိမ်း အဖွဲ့ ကို အပြင်းထန်ဆုံး ဖိအားပေးတော်လှန်ခြင်းဖြင့် ရက်စက်ကြမ်းကြုတ်မှု အလုံးစုံကို အမြန်ဆုံးရပ်တန့်ရန်နှင့် International Community အား တိုက်တွန်းတောင်းဆိုရန် United Nations Headquarters ကုလသမဂ္ဂရုံးချုပ်ရှေ့ တွင် ဩဂုတ်လ ၂ ရက် အင်္ဂါနေ့ ညနေ ၅နာရီမှ ၆နာရီ အတွင်း မြန်မာပြည်ဖွား နွေဦးတော်လှန်ရေး မိသားစုဝင် များက အရေးပေါ် ဆန္ဒထုတ်ဖော်ပွဲကို ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက နယူးယောက်မြို့နေ မြန်မာပြည်ဖွား တိုင်းရင်းအင််အား ၁၀၀ ကျော်နှင့်အတူ လာရောက် ပူးပေါင်းဆန္ဒထုတ်ဖော်ခဲ့သည်ဟု သိရသည်။