ချင်းတွင်းမြစ် အနောက်ဘက်ကမ်းသပိတ် ချီတက်ဆန္ဒပြ

ဩဂုတ်လ ၃ ရက်

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း လူထုသပိတ်စစ်ကြောင်းမှ "အမှောင်ကျနေတဲ့ငါတို့တိုင်းပြည် ညီညွတ်အားနဲ့ထွန်းလင်းကြစို့ " စာသားကို ကိုင်ဆွဲကာ ယနေ့ ဩဂုတ်လ ၃ ရက်နေ့ ညနေခင်းတွင် ချီတက်ဆန္ဒပြကြသည်။

အဆိုပါသပိတ်စစ်ကြောင်းသည် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိ ကျေးရွာပေါင်းစုံပါဝင်သည့် လူထုသပိတ်ဖြစ်ပြီး နေ့စဉ်ချီတက်ဆန္ဒပြလျက်ရှိကြောင်း သပိတ်ကော်မတီထံမှ သိရသည်။