ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၅၁၀ ရက်မြောက်ချီတက်

ဩဂုတ်လ ၃ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများစုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၅၁၀ ရက်မြောက်အဖြစ် ယနေ့ ဩဂုတ်လ ၃ ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြကြသည်။

လူထုသပိတ်စစ်ကြောင်းသည် ဆည်းဆာသပိတ်အဖြစ် စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံများဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ် စစ်ကြောင်းသည် မတ်လ ၉ ရက် ၂၀၂၁ နေ့မှ စတင်ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

တည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)