“ညီညွတ်မှ ပြည်သစ်ရမယ် ဘုံရန်သူကို မမေ့ကြနဲ့” ကလေးမြို့ ပင်မသပိတ် စစ်ကြောင်း

ဩဂုတ်လ ၃ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ် စစ်ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၅၄၂ မြောက်အဖြစ် ဩဂုတ်လ ၃ရက် ယနေ့တွင် ဆက်လက် ဆန္ဒပြသည်။

“ညီညွတ်မှ ပြည်သစ်ရမယ် ဘုံရန်သူကို မမေ့ကြနဲ့” စာတန်းကို ကိုင်စွဲ၍ စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ ကြသည်။

ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက် ဆန္ဒပြနေခြင်း ဖြစ်သည်။

တည်းဖြတ် ။ ။ သန့်ဇော်(သန်လျင်)